September လ ကရင်နီဒေသ စစ်ဘေးရှောင် လူဦးရေ (၆၀၀) စာ အုန်းနို့ခေါက်ဆွဲ စုပေါင်းအလှူ

September လ ကရင်နီဒေသ စစ်ဘေးရှောင် လူဦးရေ (၆၀၀) စာ အုန်းနို့ခေါက်ဆွဲ စုပေါင်းအလှူ

🙏ဒီလ Sep 23, 2023 မှာ Perth မြို့မှ မိတ်ဆွေများရဲ့ စုပေါင်းအလှူလေးဖြစ်တဲ့ ကရင်နီဒေသ စစ်ဘေးရှောင် လူဦးရေ (၆၀၀) စာအတွက် အာဟာရပြည့်ဝတဲ့ ကြက်သားအုန်းနို့ခေါက်ဆွဲ အလှူလေးမှာ ShweBiz အနေနဲ့ တစိတ်တပိုင်း ပါဝင်လှူဒါန်းခွင့်ရခဲ့ပါတယ်။

🙏အလှူဖြစ်မြောက်အောင် ကူညီချက်ပြုတ်လှူဒါန်းပေးတဲ့ HOPE - The Humanitarian Organization အဖွဲ့ရဲ့ လက်ရာ အုန်းနို့နဲ့ ကြက်သား ပျစ်ပျစ်နှစ်နှစ်လေးကိုမှ အကြော်၊ အရွက်၊ အချဉ် စုံစုံလင်လင်နဲ့ ကလေးတွေရော လူကြီးတွေပါ အဝစားပြီး အားလုံးပျော်ရွှင်ခဲ့ရတဲ့ အလှူလေးကို Perth မြို့မှ အလှူရှင်များ ကြည်နူးကြစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

🙏 ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏 Photo credit to HOPE - The Humanitarian Organization #ShweBiz #AustraliaWideDelivery #MyanmarFood #BurmeseFood #OnlineGrocery #perthmyanmar #perthburmese

Back to blog