Mingalathukha Food Fete
မင်္ဂလသုခဝိဟာရစျေးရောင်းပွဲ
Paw Daw Mu Food Fete
ပေါ်တော်မူကျောင်းစျေးရောင်းပွဲ
-
For Rent: 252A Drake St Morley $270/week
3 mins walk to Morley bus station Morley Galaria Shopping Centre Centre link Medical Centre (3 Burmese Doctors) Call 0435575745
-
Land for Sale, 36 Parkhurst Avenue, Hilbert from $205,000
36 Parkhurst Avenue, Hilbert WA 6112 Green Titled, land size 450 sqm (15 x 30) Price from $205,000 Enquires to 0417 9886 49
-
A Room for Rent @ East Vic Park $150 p/w
A room available for rent in East Victoria Park. It is furnished with a single bed, wardrobe, study desk & chair. A fridge and washing machine will be shared. $150 p/w *All utility bills and internet are inclusive* Located near lots of restaurants, public transport, TAFE & Curtin University. Close to Perth City, domestic & International airports 5 minutes walk to Carlise Train Station 11 minutes walk to Oats Street Train Station & Bus-stop Parking in street/garage available. Join ShweBiz.com (Perth) Burmese Buy/Sell/Trade group to contact the owner: https://www.facebook.com/groups/ShweBiz.com.Perth.Burmese.Buy.Sell.Trade/
-
Ballajura 4 beds x 2 baths $380/week
Ballajura area, 4 beds 2 baths, double lockup garage, Air conditioner for master bed room and lounge room Price (per week): $380 per week Available From (dd/mm/yyyy): 17/07/2019 Contact Name: Simon Khine Email: simonkhine@gmail.com Mobile: 0447282574
-
For Rent: 1 Bedroom @ Nollamara near bus stop
1 bedroom available in Nollamara 3-bedroom house to share with Myanmar girl ( Student only). $150 a week. Near the bus stop and can go straight to City. Including bills No wifi. Will be only 2 people in the house. Please contact Caroline 0421794460/ carolinenaing@gmail com
Potential COVID-19 exposure sites: Maylands, Joondalup, Midland, Morley
WA ကျန်းမာရေးဝန်ကြီး Roger Cook မှ COVID Tracing Team ၏ စုံစမ်းမှုအရ အောက်ပါနေရာများသို့ ပူးတွဲဖော်ပြပါအချိန်များတွင် သွားလာခဲ့သူများ COVID clinic များသို့ အမြန်ဆုံး သွားရောက်စစ်ဆေးမှုခံယူကြပါရန် တိုက်တွန်းထားသည်။ Coles Maylands: January 25, between 8pm and 10pm. KFC Maylands: January 27, from 6pm to midnight. Mitsubishi Motors car dealership Midland: January 27, from 7pm to close. Spud Shed, Coventry Village, Morley: January 27 from 8pm to midnight. ECU Joondalup: January 28, from 11am to 2pm. The Consulate general of India on St Georges Terrace, Perth: January 28, from 12pm to 5pm. Halal Grocery Store, Cloverdale: January 28, from 7pm to 9pm. Venus Ladies and Gentlemen Hair Design, Maylands: January 29, from 1pm to 3pm Perth Convention Centre: January 29, from 4pm to 6pm Nedlands family practice GP surgery: January 29, from 5pm to 6pm Chemist Warehouse, North Perth pharmacy: January 29 from 5.30pm to 7.30pm 7-Eleven Ascot Petrol Station: January 29, from 8pm to 9pm. Coles Maylands supermarket: January 29, from 8pm until 9pm Puma Service Station, Burswood: January 30, from 11am until 12noon. Coles Express Shell Service Station, Cloverdale: January 30, from 12pm until 3pm. Pharmacy 777 at Maylands Park shopping centre: January 30, from 2.30pm to 4pm.
Perth sandwich supplier Chef’s Delight cops $30,000 fine
Perth မြို့ မူလတန်းကျောင်း တစ်ကျောင်း၏ Lunch Supplier ဖြစ်သူ Chef’s Delight အား ၎င်းတို့ရောင်းချေသော Sandwich အသားညှပ်ပေါင်မုန့်သည် မူလတန်းကျောင်းသားအား Anaphylactic Shock ခေါ် သေစေနိုင်လောက်သည့်ပြင်းထန်သောဓါတ်မတည့်မှု ဖြစ်ပွားစေသဖြင့် ဒေါ်လာ ၃၀၀၀၀ ဒဏ်ငွေချမှတ်ခဲ့သည်။ ၎င်းအဖြစ်အပျက်မှာ Nedlands မူလတန်းကျောင်းတွင် ၂၀၁၉ ဇွန်လတွင်ဖြစ်ပွားခဲ့သည်။ Gluten Free Ham & Cheese Toastie ဟု ဆိုသော်လည်း ၎င်းပေါင်မုန့်ကိုဓါတ်ခွဲစမ်းသပ်ပြီး Gluten ပါဝင်နေကြောင်းတွေ့ရှိရသည်ဆိုသည်။ ဒီဇင်ဘာလ တရားရုံးတွင် Chef’s Delight မှ သူတို့တွင်အပြစ်မရှိကြောင်း လျှောက်လွဲခဲ့သည်ဆိုသည်။ သို့သော်တရားရုံးမှ ၎င်းကုမ္ပဏီသည် ကုမ္ပဏီသည်၀န်ထမ်းများကိုလေ့ကျင့်သင်ကြားပေးရန်ပျက်ကွက်ခဲ့ပြီး ဝန်ထမ်းများ စည်းမျဉ်းများလိုက်နာမှုပျက်ကွက်သည်ဟု WAToday တွင်ဖော်ပြခဲ့သည်။ ၄င်း Chef’s Delight သည် Perth မြို့ မူလတန်းနှင့်အလယ်တန်းကျောင်းအတော်များများကို ဆူရှီ နှင့် lunch pack နေ့လည်စာများကို ရောင်းချသည်။ ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် the organisation commits to the “highest” safety standards ဟုဆိုထားသည်။ Source# Perth Now
Google threatens to withdraw search engine in Australia
သတင်းဌာနတွေကို ဂူဂဲလ်(Google)ကုမ္ပဏီက ဝင်ငွေ မျှဝေခွဲပေးစေဖို့ ကြိုးစားနေတဲ့ သြစတြေးလျနိုင်ငံဆီကနေ သူတို့ ရှာစက် (search engine) ကို ရုပ်သိမ်းပစ်မယ်လို့ ဂူဂဲလ် ကုမ္ပဏီက ခြိမ်းခြောက် လိုက်ပါတယ်။ သူတို့ အင်တာနက်ဆိုဒ်နေရာတွေမှာ ဖော်ပြလာတဲ့ သတင်းတွေအတွက် ဂူဂဲလ်၊ ဖေ့ဘွတ်ခ်နဲ့ တခြား အင်တာနက် နည်းပညာကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာ မီဒီယာဌာနတွေကို ငွေပေးစေဖို့ လုပ်ဆောင်မယ့် ကမ္ဘာ့ ပထမဦးဆုံးသော ဥပဒေတစ်ခုကို သြစတြေးလျက ပြဋ္ဌာန်းဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ ဒီဥပဒေဖြစ်လာရင် သူတို့ရဲ့ ဝန်ဆောင်မှုတချို့ကို ရုပ်သိမ်းပစ်မယ်လို့ အမေရိကန်အခြေစိုက် ဂူဂဲလ်ကုမ္ပဏီက သတိပေးပြီး ပြန်လည် တိုက်ခိုက် လိုက်ပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်နဲ့ ဥပဒေပြုအမတ်တွေက အဲဒါတွေကို ခြိမ်းခြောက်မှုလို့ မခံယူပါဘူး။ ဂူဂဲလ်အတွက် သြစတြေးလျဟာ အကြီးမားဆုံးစျေးကွက်မဟုတ်ပေမယ့် သတင်းတွေအတွက် အင်တာနက် ကုမ္ပဏီကြီးတွေက သတင်းဌာနတွေကို ငွေပေးပါဆိုတဲ့ ဒီ ဥပဒေက တကမ္ဘာလုံးအတွက် စံနမူနာယူလာစရာ ဖြစ်လာနိုင်ပြီး နိုင်ငံတကာက အစိုးရတွေအနေနဲ့ နည်းပညာကုမ္ပဏီကြီးတွေကို ဘယ်လို စည်းမျဉ်း သတ်မှတ်လို့ရမလဲဆိုတာကို ကြိုးစားနိုင်မယ့်လမ်းစ အသစ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။ သြစတြေးလျက ဘာ့ကြောင့် ဒီဥပဒေကို လုပ်ချင်နေတာလဲ သြစတြေးလျမှာ ဂူဂဲလ်ရဲ့ ရှာစက်ကို အများစုက အသုံးပြုကြတာဖြစ်ပြီး သူ့ကို့ပြိုင်နိုင်တဲ့ တခြားအစားထိုးကလည်း စျေးကွက်ထဲမှာ နည်းပါးတဲ့အတွက် ဂူဂဲလ်ဟာ မရှိမဖြစ် နီးပါးကို လိုအပ်တဲ့အရာလို့ သြစတြေးလျအစိုးရက ဖော်ညွှန်းပြောဆိုပါတယ်။ ဒါပေမဲ့ သတင်းတွေကိုဖတ်ချင်ကြတဲ့ လူတွေက ဒီနည်းပညာ ပလက်ဖောင်းတွေရဲ့ ဖောက်သည်စားသုံးသူတွေဖြစ်သွားတဲ့အတွက် သတင်းတွေကို ရေးသားတင်ပြထားတဲ့ သတင်းထောက်တွေရဲ့ ထုတ်လုပ်မှုနဲ့ သတင်းစာပညာကို ထောက်ရှုကာ သတင်းဌာနတွေကို ဒီ အင်တာနက်နည်းပညာ ကုမ္ပဏီတွေအနေနဲ့ ထိုက်သင့်တဲ့ ငွေကိုပေးဖို့လိုတယ်လို့ သြစတြေးလျအစိုးရက ရပ်တည်ပြောလာတာပါ။ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ခိုင်မာတဲ့ သတင်းဌာနတွေရှိဖို့လိုအပ်ပြီး အခုအချိန်မှာ ရုန်းကန်နေကြရပြီဖြစ်တဲ့ သတင်းဌာနတွေအတွက် ဘဏ္ဍာရေးပိုင်းထောက်ပံ့ဖို့ လိုအပ်နေပြီလို့လည်း သြစတြေးလျအစိုးရက ဆိုပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီး သြစတြေးလျ ပုံနှိပ်မီဒီယာဟာ ကြော်ငြာခ ဝင်ငွေ ၇၅% ကျဆင်းသွားခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဥပဒေပြုအမတ်တွေရဲ့ အဆိုအရ သြစတြေးလျနိုင်ငံမှာ ဂူဂဲလ် ကနေ ရှာကြတာတွေရဲ့ ၁၂.၅၅ % က သတင်းတွေကို ရှာတာဖြစ်တယ်လို့ သိရပါတယ်။ အမြတ်တွေက ဘယ်ဆီကို သွားနေလဲ သြစတြေးလျက သတင်းဌာနတွေဟာ ရုန်းကန်နေရပါတယ်။ သတင်းနဲ့အတူ တွဲဖော်ပြတဲ့ စီးပွားရေး ကုမ္ပဏီဆိုင်ရာ ဒစ်ဂျစ်တယ် ကြော်ငြာအတွက် သြစတြေးလျ ဒေါ်လာ ၁၀၀ ကိုသုံးကြတဲ့ အခါတိုင်းမှာ ၈၁ ဒေါ်လာကို ဂူဂဲလ်နဲ့ ဖေ့ဘွတ်ခ်တို့က ရပါတယ်။ သတင်းဌာနတွေအနေနဲ့ ကိုဗစ်ကာလမှာ ပိုဆိုးတာတွေနဲ့ ကြုံနေရပါတယ်။ ကပ်ဘေးအတွင်း ကုမ္ပဏီတွေက သူတို့ရဲ့ ဒစ်ဂျစ်တယ်ကြော်ငြာတွေကို လျော့ချလာတဲ့အခါ သြစတြေးလျက သတင်းဌာန တချို့ ပိတ်လိုက်ရပါပြီ။ အဲဒါနဲ့ ဆန့်ကျင်ဖက်အနေနဲ့ ဂူဂဲလ်က သိပ်ကိုအောင်မြင်တာကိုတွေ့ရပါလိမ့်မယ်။ မနှစ်တုန်းက သြစတြေးလျကနေ ဂူဂဲလ်ရဲ့ အမြတ်ငွေဟာ အမေရိကန်ဒေါ်လာ ၄ ဘီလျံလောက်ရှိပြီး သူတို့ပေးတဲ့ အခွန်ငွေက ဒေါ်လာ ၄၅ သန်းရှိပါတယ်။ […]
ကိုဗစ်ကာကွယ်ဆေး မထိုးထားတဲ့လူတွေကို ဝန်ဆောင်မှုငြင်းဆန်တာမျိုး လုပ်လို့ရလား
ကာကွယ်ဆေးကို လိုလိုလားလား ထိုးချင်သူတွေ ရှိသလို မထိုးချင်ကြတဲ့လူတွေလည်း ရှိနေပါတယ်။ သြစတြေးလျအစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အတင်းအဓမ္မ ထိုးခိုင်းတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ အစိုးရက အတင်းအဓမ္မ ထိုးခိုင်းတာမျိုး မလုပ်ရင်တောင် လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အတင်းအဓမ္မ ထိုးခိုင်းတာမျိုး လုပ်နိုင်ပြီး မထိုးရင် ဝန်ဆောင်မှု မပေးဘူးဆိုပြီး ငြင်းဆန်ခွင့်ရှိပါတယ်။ သြစတြေးလျနိုင်ငံက လူတချို့ဟာ ဖေဖော်ဝါရီလ လလယ်ပိုင်းလောက်ကစပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးကြတော့မှာ ဖြစ်ပါတယ်။ ဦးစားပေးထိုးပေးမယ့်လူတွေ ဖြစ်တဲ့ သက်ကြီးစောင့်ရှောက်ရေးစင်တာက သက်ကြီးတွေ၊ သက်ကြီးစင်တာက အမှုထမ်းတွေ၊ မသန်စွမ်းသူတွေကို စောင့်ရှောက်တဲ့အမှုထမ်းတွေ၊ ကွာရန်တင်းစင်တာနဲ့ နယ်စပ်ရေးရာမှာ အလုပ်လုပ်တဲ့ လူတွေကို ပထမဦးဆုံး ထိုးပေးမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတင်းအဓ္မမ ထိုးပေးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားတာရှိပေမယ့် ပြည်နယ်အစိုးရတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ ကာကွယ်ဆေးထိုးမှရမယ်ဆိုတာမျိုး လုပ်ပိုင်ခွင့်ရှိပါတယ်။ အရင်တစ်ပတ်တုန်းက နယူးဆောက်သ်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ် Gladys Berejiklian က ပြည်နယ်အစိုးရပိုင် နေရာတွေမှာ ကာကွယ်ဆေး မထိုးတဲ့လူကို ဝင်ခွင့်ပိတ်ပင်တာမျိုး လုပ်နိုင်ကြောင့် အရိတ်အမြွက်နဲ့ ပြောဆိုထားတာရှိပါတယ်။ လူတွေများများ ကာကွယ်ဆေးထိုးလေလေ သာမာန်အခြေအနေ ပြန်ရောက်နိုင်လေလေ ဖြစ်တယ်လို့လည်း Ms Berejiklian က ပြောပါတယ်။ လူတွေ ကာကွယ်ဆေးထိုးအောင် အစိုးရတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သလဲ။ အစိုးရအနေနဲ့ မဖြစ်မနေ ကာကွယ်ဆေးထိုးရမယ်ဆိုပြီး သတ်မှတ်ခွင့်ရှိပါသလား။ ရှိပါတယ်။ အစိုးရအနေနဲ့ ကာကွယ်ဆေးတွေကို မဖြစ်မနေ ထိုးရမယ်ဆိုပြီး တရားဝင် သတ်မှတ်နိုင်သလို အဲဒီလို သတ်မှတ်မယ်ဆိုရင်လည်း သြစတြေးလျအတွက် ပထမဆုံးအကြိမ် သတ်မှတ်ခြင်း မဟုတ်ပါဘူး။ ၁၉ ရာစုတုန်းက သြစတြေးလျအစိုးရကနေ ရေကျောက်ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ်လို့ သတ်မှတ်ခဲ့ဖူးပါတယ်။ အဲဒီရေကျောက်ရောဂါဟာ ၁၉ ၇၉ ခုနှစ်ကစပြီး ကမ္ဘာမှာ လုံးဝပပျောက်သွားအောင် ပထမ ဦးဆုံး တိုက်ဖျက်နိုင်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ဆစ်ဒနီတက္ကသိုလ်က ကျန်းမာရေးဆိုင်ရာ ဥပဒေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပါမောက္ခ Cameron Stewart အစပိုင်းတုန်းက ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမယ်လို့ အစိုးရက ပြဌာန်းရတာမျိုး လိုအပ်ပေမယ့် ဒီနောက်ပိုင်းမှာ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို လူတွေ သိနားလည်တဲ့နောက်ပိုင်း အတင်းထိုးခိုင်းတာမျိုး လုပ်စရာ မလိုတော့ဘူးလို့ ပြောပါတယ်။ လူအများအပြားက ကာကွယ်ဆေးတွေဟာ ဘေးကင်းပြီး ထိရောက်မှု ရှိတယ်ဆိုတာကို သိကြလို့ ကာကွယ်ဆေးထိုးတဲ့နှုန်းက အရမ်းကို မြင့်မားသေးတဲ့အကြောင်း ဒါကြောင့် အစိုးရကနေ မဖြစ်မနေ ထိုးကြဖို့ သတ်မှတ်စရာ မလိုဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ၂၀ ရာစုကုန်လောက်မှာ ကာကွယ်ဆေးထိုးတဲ့နှုန်း ကျဆင်းလာတာရှိတဲ့အတွက် အဲဒီကိစ္စကို ပြန်လည်ဆွေးနွေးပြောဆိုမှု လုပ်ဖို့ လိုအပ်လာတယ်လို့ ပြောပါတယ်။ သြစတြေးလျ ပြည်ထောင်စု အစိုးရကတော့ လွန်ခဲ့တဲ့ သြဂုတ်လတုန်းက ကိုဗစ်-၁၉ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမယ်လို့ သတ်မှတ်မှာ မဟုတ်ဘူးလို့ ကြိုတင်ပြောထားတာ ရှိပါတယ်။ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမယ်လို့ မသတ်မှတ်ဘူးဆိုရင် လူတွေ ကာကွယ်ဆေးထိုးကြပါ့မလား။ ပြည်ထောင်စု အစိုးရကနေ ကာကွယ်ဆေးကို မဖြစ်မနေ […]
ဩစတေးလျနေထိုင်သူများ ဘယ်အချိန်မှာ ကာကွယ်ဆေးထိုးနိုင်မလဲ
ကာကွယ်ဆေးကို အကန့်အသတ်နဲ့သာ ရရှိမှာဖြစ်လို့ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်ကစပြီး ပထမဆုံး ဦးစားပေးရမယ့် လူတွေကို အရင်ဆုံး ထိုးပေးမှာ ဖြစ်ပါတယ်။ ပထမအဆင့် – Pfizer/BioNTech ကာကွယ်ဆေးအမျိုးအစားကို ကွာရန်တင်းစင်တာလုပ်သား၊ နယ်စပ်ရေးရာလုပ်သား၊ ရှေ့တန်းက ကျန်းမာရေးလုပ်သားတွေ၊ သက်ကြီးနဲ့ မသန်စွမ်းသူ စောင့်ရှောက်ရေးဌာနမှာ နေထိုင်သူတွေနဲ့ အဲဒီက အမှုထမ်းတွေကို ဦးစားပေး ထိုးပေးမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့် – Pfizer/BioNTech ကာကွယ်ဆေး အမျိုးအစားကို အသက် ၇၀ ကျော် သက်ကြီးတွေနဲ့ တခြား ကျန်းမာရေးလုပ်သားတွေ၊ အသက် ၅၅ နှစ်ကျော် ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander တွေနဲ့ မသန်စွမ်းမှုအပြင် တခြား ရောဂါ အခံရှိတဲ့ လူတွေကို ဦးစားပေးမှာဖြစ်သလို ရောဂါကူးစက်နိုင်ခြေများတဲ့ လူတွေလို့ သတ်မှတ်တဲ့ ရဲတွေ၊ မီးသတ်သမားတွေ၊ စစ်သားတွေ၊ အရေးပေါ်ဌာနက လူတွေနဲ့ အသားထုတ်လုပ်ရေးမှာ လုပ်ကိုင်သူတွေကို ဦးစားပေး ထိုးပေးမှာ ဖြစ်ပါတယ်။ တတိယအဆင့် – AstraZeneca နဲ့ Novavax ကာကွယ်ဆေးအမျိုးအစားတွေကို အသက် ၅၀ ကျော် သူတွေ၊ အသက် ၁၈ နှစ်ကျော်သူ ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander တွေအပြင် တခြား မရှိမဖြစ် လိုအပ်တဲ့ လုပ်သားတွေနဲ့ ကူးစက်နိုင်ခြေ များတဲ့ တခြားလုပ်သားတွေကို ဦးစားပေး ထိုးပေးမှာ ဖြစ်ပါတယ်။ စတုတ္ထအဆင့် – ဒီအဆင့်မှာတော့ AstraZeneca နဲ့ Novavax ကာကွယ်ဆေးတွေကို အသက် ၁၈ နှစ်အထက် ရှိသူတွေအပြင် အရင်အဆင့်တွေတုန်းက မထိုးရသေးတဲ့ လူတွေကို ထိုးပေးတဲ့အဆင့် ဖြစ်ပါတယ်။ ပဥ္စမအဆင့် – AstraZeneca နဲ့ Novavax ကာကွယ်ဆေးတွေကို ကျန်းမာရေးပညာရှင်တွေကသာ အသက် ၁၈ နှစ်အောက် ရှိသူတွေကိုလည်း ထိုးပေးသင့်တယ်လို့ ပြောလာရင် ထိုးပေးမယ့် အဆင့် ဖြစ်ပါတယ်။ Soucre # SBS Burmese
WA ပြည်နယ်က ကျောင်းသားတွေ ဟိန္ဒီ၊ တာမေးလ်နဲ့ ကိုရီးယားစာ သင်ယူခွင့်ရှိမယ်
Western Australia ပြည်နယ်က ပြည်သူပိုင် စာသင်ကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ လာမယ့် နှစ်နှစ်အတွင်း ဟိန္ဒီဘာသာစကား၊ တာမေးလ်နဲ့ ကိုရီးယား ဘာသာစကားတွေကို သင်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။ အာရှ ဘာသာစကားတွေကို သင်ယူရာမှာ ရွေးချယ်ခွင့် ပိုများအောင် လုပ်ဆောင်ပေးတဲ့အနေနဲ့ ၂၀၂၃ ခုနှစ်ကစပြီး အဲဒီ ဘာသာစကား ၃ မျိုးကို ထပ်မံတိုးချဲ့ ချပေးတာ ဖြစ်ပါတယ်။ Western Australia ပြည်နယ်မှာ ဘာသာစကား အမျိုးပေါင်း ၁၉၀ ပြောဆိုနေကြတာဖြစ်ပြီး လက်ရှိ စာသင်ကျောင်းမှာ သင်ပေးနေတဲ့ ဘာသာစကားတွေအပြင် ရွေးချယ်စရာ ပိုများအောင် နောက်ထပ် ဟိန္ဒီ၊ တာမေးလ်နဲ့ ကိုရီးယားဘာသာစကားကို တိုးချဲ့ချမှတ်ပေးတာဖြစ်တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။ ဒီနှစ်ကစပြီး ၃ တန်းကနေ ၆ တန်း ကလေးငယ်တွေအနေနဲ့ အင်္ဂလိပ်စာအပြင် ဘာသာစကားတစ်ခုခုကို သင်ယူရမှာ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ၉ တန်းအထိလည်း ဘာသာစကား တစ်ခုခုကို သင်ယူရမှာဖြစ်ပေမယ့် ၁၀ တန်းကနေ ၁၂ တန်းမှာတော့ သင်ယူချင်ရင် ဆက်လက်သင်ယူနိုင်တဲ့ ရွေးချယ်မှုကို ပေးထားပါတယ်။ တခြားပြည်နယ်တွေနည်းသူ WA ပြည်နယ်က စာသင်ကျောင်းတွေမှာ အခုလောလောဆယ် တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ အီတလျံ၊ ဂျာမန်နဲ့ ပြင်သစ်ဘာသာစကားတွေကို သင်ကြားပေးနေတာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့ ကြိုက်နှစ်သက်ရာ ဘာသာကို ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဌာနေတိုင်းရင်းသားတွေ နေထိုင်မှု များတဲ့ဒေသမှာလည်း ဌာနေတိုင်းရင်းသား ဘာသာစကားတွေကို သင်ယူနိုင်ပါတယ်။ ဘာသာစကား မတူညီမှုဟာ Western Australia ပြည်နယ်ရဲ့ အကြီးမားဆုံးသော အင်အားတစ်ခုဖြစ်သလို လူမှုရေး၊ ရိုးရာယဉ်ကျေးမှုနဲ့ စီးပွားရေး အကျိုးအမြတ်တွေ ရရှိစေတာဖြစ်တယ်လို့လည်း Citizenship and Multicultural Interests ဝန်ကြီး Paul Papalia က ပြောပါတယ်။ တခြားဘာသာစကားကို တတ်ကျွမ်းခြင်းအားဖြင့် ကလေးငယ်တွေရဲ့ ကမ္ဘာ ပိုမိုကျယ်ပြန့် ပွင့်လာမှာဖြစ်ပြီး ဘာသာစကားကနေ သူတို့ရဲ့ လူမှုဆက်ဆံရေး တိုးတက်လာနိုင်သလို တခြားရိုရာယဉ်ကျေးမှုကို ပိုမိုနားလည်နိုင်တဲ့အပြင် သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ပိုမိုကျယ်ပြန့်စေနိုင်တယ်လို့ ပြည်နယ်အစိုးရက ခံယူထားတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် သန်းခေါင်စာရင်းအရ WA ပြည်နယ်သား ၇၅% ဟာ နေအိမ်မှာ အင်္ဂလိပ်ဘာသာစကား ပြောဆိုကြသူတွေဖြစ်ပြီး Mandarin တရုတ်ဘာသာ ပြောဆိုသူ (၁.၉ %), အီတာလျံစကားပြောဆိုသူ (၁.၂%), ဗီယက်နမ် (၀.၈%) နဲ့ Cantonese တရုတ်ဘာသာစကားပြောဆိုသူ (၀.၈%) ရှိတယ်လို့ ဖော်ပြထားပါတယ်။ Source # SBS Burmese