WA Regional travel restrictions

Western Australia အတွင်း essential worker အရေးကြီးတာဝန်ရှိသည့်ဝန်ထမ်းများမှအပ မည်သည့်ခရီးသွားခြင်းကိုမှခွင့်ပြုမည်မဟုတ်ကြောင်း။ WA ပြည်နယ်တစ်ခုလုံးကို ဇုန် ၉ ပိုင်းခွဲပြီး၊ ဇုန်တစ်ခုချင်းစီ၏ နယ်နိမိတ်များတွင် ကျပန်းစစ်ဆေးရေးဂိတ်များ နှင့် လမ်းပိတ်ဆို့မှုများရှိမည်ဖြစ်ပြီး ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ဇုန်နယ်စပ်ကိုဖြတ်ကူးမိသူမည်သူမဆိုဒဏ်ငွေ $1000 ရိုက်မည်။
၁) Perth and Peel (one zone)
၂) The South-West
၃) The Great Southern
၄) The Wheatbelt
၅) The Mid-West
၆) The Kimberley
၇) Pilbara
၈) Gascoyne
၉) Goldfields-Esperance

WA ဝန်ကြီးချုပ်မာ့ခ်မက်ဂွမ်က COVID-19 ပြန့်ပွားမှုကို ရပ်တန့်ရန်အတွက် အထူးအရေးကြီးသဖြင့် တင်းကျပ်စွာဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၃၁.၃.၂၀၂၀ အင်္ဂါနေ့ည ၁၂ နာရီကျော်သည်နှင့် ၎င်းခရီးသွားပိတ်ဆို့မှုဥပဒေ အသက်ဝင်မည်။
ရဲများကို ချက်ချင်းဖမ်း ချက်ချင်းဒဏ်ရိုက်နိုင်သည့် အာဏာကုန်ပေးထားဖို့ ဥပဒေပြဌာန်းသွားမည်ဖြစ်ပြီး Self isolation အမိန့်ကိုငြင်းဆန်သူများအား ဖမ်းချုပ်၍ GPS tracker တပ်နိုင်သည်။ ဝေဟင်မှလည်း ဒရုန်း များတပ်ဆင်ပြီး လူများ၏လှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာလိမ့်မည် ဟုဆိုသည်။

Source #https://7news.com.au/lifestyle/health-wellbeing/coronavirus-wa-regional-travel-restrictions-state-start-at-midnight-c-928683