Western Australia မှ မြန်မာလုပ်ငန်းရှင်မိတ်ဆွေများအတွက် ထူးထူးခြားခြား အခွင့်လမ်းကောင်းတရပ်

Western Australia မှ မြန်မာလုပ်ငန်းရှင်မိတ်ဆွေများအတွက် ထူးထူးခြားခြား အခွင့်လမ်းကောင်းတရပ်

ယခုလာမည့် January လ 2022 တွင် WA-ASIAN Business Awards & Expo ပွဲကြီးကို ကျင်းပမည်ဖြစ်ကြောင်း၊ Western Australia ရှိ မြန်မာစီးပွားရေးလုပ်ငန်းရှင်များကို ပါဝင်စေလိုကြောင်း မိမိတို့ ShweBiz.com ကို ဆက်သွယ်အကြောင်းကြားလာသဖြင့် ပွဲဖြစ်မြောက်ရေးကော်မတီမှ ကျင်းပသည့် Press Conference သို့ တက်ရောက်ကာ WA ရှိ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက် အောက်ပါသတင်းအချက်အလက်များကို ရယူပေးခဲ့ပါသည်။

***သတင်းအချက်အလက်များကို မကြေငြာခင် ShweBiz.com မှ မေတ္တာရပ်ခံလိုသည်မှာ မိတ်ဆွေတို့၏လုပ်ငန်းများ www.ShweBiz.com Website တွင် ပါဝင်နေခြင်းရှိမရှိကို သက်ဆိုင်ရာ Category များအောက်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။ မိတ်ဆွေတို့၏လုပ်ငန်းများ Website တွင် List မလုပ်ရသေးလျှင် သော်လည်းကောင်း၊ Listing ပါဝင်နေသော်လည်း အချက်အလက်များပြင်ဆင်လိုပါလျှင် သော်လည်းကောင်း မိမိတို့၏ လုပ်ငန်းအချက်အလက်များကို www.facebook.com/ShweBizdotcom page (သို့မဟုတ်) info@shwebiz.com ဆီသို့ ဆက်သွယ်ပေးပို့ကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။***

WA-ASIAN Business Awards & Expo ပွဲကြီးကို ယခင်နှစ်များမှာလည်း ကျင်းပလာခဲ့ရာ၊ လာမည့် January လ 2022 တွင်လည်း Perth Convention Center ၌ ခမ်းခမ်းနားနား ကျင်းပဦးမည်ဖြစ်ပါသည်။ ယခုနှစ်တွင် ယခင်နှစ်များနှင့် မတူသည့် ထူးခြားမှုတခုမှာ WA ရှိ မြန်မာစီးပွားရေးလုပ်ငန်းရှင်များပါ ပါဝင်လာကြဖို့ ပွဲဖြစ်မြောက်ရေးကော်မတီမှ အထူးကမ်းလှမ်းလျက်ရှိနေခြင်းဖြစ်ပါသည်။ ဤပွဲပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးတွင် ထူးချွန်အောင်မြင်သော WA ရှိ အာရှနွယ်ဖွားများ၏ ထူးချွန်မှုနှင့် ခေါင်းဆောင်နိုင်မှုများကို အသိအမှတ်ပြုရန် ရည်ရွယ်သည်ဟု သိရှိရပါသည်။

30 January 2022 တွင် Expo ပွဲတော်ကို 2:00-6:00 PM တွင် ကျင်းပမည်ဖြစ်ပြီး၊ ဆုပေးပွဲနှင့် ညစာစားပွဲ WA-Asian Business Awards Dinner Gala ကို 6:30-9:30 PM တွင် အသီးသီးကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆုများကိုလည်း Business Excellence Awards (below & above $10m), International Business Excellence Award, Entrepreneur of the Year Award, Social Impact Award, နှင့် Young Achiever Award ဆို၍ Categories အလိုက် အသီးသီးချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ Nomination အချိန်ကာလအနေဖြင့် 1 November 2021 မှ 28 November 2021 အထိ သတ်မှတ်ထားပြီး၊ ဆုရွေးချယ်မှု Judging ကို 1 December 2021 မှ 18 December 2021 အတွင်း ရွေးချယ်ကြမည်ဟု သိရှိရပါသည်။

ယခင်နှစ်၏ ပွဲကျင်းပပုံ Video ကို ဤတွင် https://fb.watch/8GTIkOnQ5u/ ကြည့်ရှုနိုင်ပါသည်။ ရရှိလာသည့် အကျိုးအမြတ်များကိုလည်း Telethon7 နှင့် Special Olympics Australia သို့လှူဒါန်းသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါသည်။

သို့ဖြစ်ပါ၍ Western Australia မှ မြန်မာလုပ်ငန်းရှင်များအနေဖြင့် Business Award Nomination အတွက် Register လုပ်လိုပါလျှင် www.wa-asiabusinessexpo.com တွင် သက်ဆိုင်ရာ Form များဖြည့်သွင်းကာ Registration လုပ်ထားနိုင်ပြီး၊ info@wa-asiabusinessexpo.com သို့လည်း Email ပေးပို့ကာ ဆက်သွယ်နိုင်ပါသည်။

WA ရှိ မြန်မာလုပ်ငန်းရှင်မိတ်ဆွေများအနေဖြင့် မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်လာကာ၊ အဆက်သွယ်အသစ်များ၊ စီးပွားရေးအခွင့်အလမ်းသစ်များ ပိုမိုရရှိလာမည့် အကျိုးကျေးဇူးများစွာတို့ကိုရည်သန်၍ ယခုအခွင့်အရေးကိုရယူကြဖို့ ShweBiz.com မှ အထူးလေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။