Visa on Arrival and ex-Myanmar Citizens

အောက်တိုဘာလ ၁ ရက်နေ့ကစပြီး သြစတြေးလျနိုင်ငံ၊ စပိန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ရုရှားနဲ့ ဂျာမနီနိုင်ငံသားတွေ မြန်မာနိုင်ငံသွားမယ်ဆိုရင် ကြိုတင်ဗီဇာ လျှောက်စရာမလိုအပ်ပဲ မြန်မာနိုင်ငံရောက်မှ ဆိုက်ရောက်ဗီဇာလို့ခေါ်တဲ့ Visa on arrival ကို ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသားဟောင်း သြစတြေးလျနိုင်ငံသားများ အနေဖြင့် Social Visa ခေါ် လူမှုရေးဗီဇာသာ လျှောက်ထားရမည်ဟု ကင်ဘာရာမြန်မာသံရုံးမှ တရားဝင် ထုတ်ပြန်ထားခဲ့ပါသည်။ ၎င်းနှင့်ဆက်စပ်၍ SBS အနေဖြင့် မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းသည့်အခါ မြန်မာ သံရုံးက အောက်ဖော်ပြပါစာအတိုင်း အကြောင်းပြန်ထားသည်ဟု SBS Facebook တွင် ရေးသားဖော်ပြထားပါသည်။ SBS မှ ဖော်ပြသည့် မြန်မာသံရုံး၏ စာအရ Social Visa ၏ အားသာချက်များကိုလည်း ဖော်ပြထားရာ Social Visa သည် ရက်ပေါင်း ၇၀ နေထိုင်ခွင့်ရမည်ဖြစ်ပြီး လိုအပ်သလိုသက်တမ်းလည်းတိုးနိုင်မည်ဖြစ်သည် (Tourist Visa မှာမူ ရက်ပေါင်း ၃၀ သာနေထိုင်ခွင့်ရမည်ဖြစ်သည်)။ Social Visa ကို ဖြေလျော့မှုတစ်ရပ်အနေဖြင့် Multiple Social Visa အဖြစ် (၃) လ၊ (၆) လ၊ (၁၂) လ လျှောက်ထားနိုင်ပြီဟုလည်းဆိုသည်။ Social Visa ဖြင့် မိဘဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် တရားဝင်နေထိုင်ခွင့်ရှိမည်ဖြစ်သည် ဟုဖော်ပြထားသည်။

Source#1 https://www.facebook.com/SBSBurmese/
Source#2 https://www.sbs.com.au/language/burmese/audio/chiukeraakbiijaak-mnmaapnnyphaa-sciiettattk-mhuttttaiaep-meknpk?fbclid=IwAR2kgz959wO2gy4uRlOhtDd5lY0La4g_xmM4rnnZHas8JVWhIv63qZbeUYM