Tisarana Vihara COVID-19 Announcement

တိသရဏ ၀ိဟာရကျောင်း COVID-19 အသိပေး ကြေညာချက် ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား
တိသရဏ ဘုန်းတော်ကြီးကျောင်း သို့လူအများ လာရောက်ခြင်း၊ စု၀ေးခြင်းကို Australia နိုင်ငံအစိုးရ၏ စည်းကမ်းချက်နှင့်အညီ ရပ်ဆိုင်းထားပါကြောင်း ကြေညာအပ်ပါသည်။
သို့ဖြစ်ပါ၍ ပုံမှန်ပြုလုပ်နေသော စနေနေ့ ၀တ်ပြုခြင်း၊ တရားနာခြင်းများ၊ ရန်ပုံငွေရှာစျေးရောင်းပွဲများ၊ ဘာသားရေးပွဲတော်များ အားလုံးတို့ ကိုလည်း Australia နိုင်ငံအစိုးရ၏ တားမြစ်မှု တည်ရှိနေသမျှ ကာလပတ်လုံး ရပ်ဆိုင်းထားပါသည်။
ထို့အပြင် ဆရာတော်များ၏ ကျန်းမာရေး နှင့် ဘုန်းတော်ကြီးကျောင်းသို့ လာရောက် ကြသော ဓမ္မမိတ်ဆွေ အပေါင်းတို့၏ ကျန်းမာရေးအတွက်
1. မိမိတို့၏နေအိမ်သို့ ဘုန်းတော်ကြီများအား ဆွမ်းပင့်လက်ခံခြင်းများကိုလည်း ရပ်ဆိုင်းထားပါသည်။
2. ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ၀င်ရောက်ခြင်းများ၊ ကျောင်းတွင်း/ပြင်ရှိပစ္စည်းများ၊ တံခါးများ၊ ပြင်ပရှိအမိုက်ပုံးများ၊ ရေပိုက် စသည်တို့ကို ကိုထိကိုင်ခြင်းများမှလည်း ရှောင်ကြည်ပေးကြပါ။
3. ပုံမှန်ဆွမ်းပို့ခြင်းများကို တခါသုံးဘူးများဖြင့် သာကျောင်းရှေ့ရှိ စားပွဲတွင် ချထားကပ်လှူပေးကြပါ ရန်ပန်ကြားအပ်ပါသည်။
4. မိမိတို့၏ ဆွမ်းနေ့ကပ်လှူရန် အခက်အခဲရှိပါကလည်း ရပ်ဆိုင်းလိုပါက ဆရာတော်များအား ဆောလျှင်စွာ ကြိုတင် လျောက်ထားခြင်းပေးခြင်းဖြင့် ဆရာတော်များအတွက် အရန်ဆွမ်းစီစဥ်ရန် ပိုမိုလွယ်ကူ စေရန်ကူညီကြပါ။
5. ဘုန်းတော်ကြီများကို ၀တ်ချရာတွင်လည်း လာရောက်သူ အများနှင့်ထိတွေ့နိင်သည့် ကျောင်းရှေ့ သံမံတလင်းပေါ်၊ မြက်ခင်းပေါ်တွင် ၀တ်ချခြင်းများကိုလည်းရှောင်ရှား၍ ရပ်လျက်သာ ၀တ်ပြုပေးကြပါ။
6. ဘုန်းတော်ကြီးများနှင့် ကျောင်းရှေ့တွင် တွေ့ဆုံပါကလည်း Social Distancing rule ကိုအမြဲအလိုက်တသိ လိုက်နာပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
တိသရဏ ဘုန်းတော်ကြီကျောင်း ဂေါပကအဖွဲ့
24 Mar 2020