Swan မြစ်အတွင်း လူတစ်ယောက် ငါးမန်းအဆွဲခံရ

ယနေ့နံနက်ပိုင်း Swan မြစ်အတွင်း Bicton ရပ်ကွက် Blackwall Reach အနီး လူတစ်ယောက် ရေကူးနေစဉ် ငါးမန်းအဆွဲခံရပြီး Royal Perth Hospital သို့ရောက်ရှိသွားသည်ဟု သတင်းရရှိသည်။

အနှစ် ၄၀ နီးပါးအတွင်း Swan မြစ်အတွင်းပထမဆုံးအကြိမ်ငါးမန်းတိုက်ခိုက်မှုဟုယူဆရသောအဆိုပါရေကူးသူသည်ယနေ့နံနက် ၇ နာရီ ၅၅ မိနစ်ခန့်တွင် Bull Shark ကကိုက်ခြင်းဖြစ်သည်ဟုယူဆရသည်။

ငါးမန်းဆွဲခံနေရစဉ်အတွင်း Kayak လှေလှော်သမား နှစ်ယောက်ကတွေ့ရှိပြီး အလျှင်အမြန်ကယ်တင်ကာ ရှေးဦးသူနာပြုစုပေးခဲ့ကြသည်။ ၎င်းသည်သူသည်တင်ပါးအနီးရှိညာဘက်အပေါ်ဘက်တွင်ကိုက်သည်ဟုယုံကြည်ရသည်။

ရေကူးသင်တန်းများလုပ်လေ့ရှိခဲ့သည့် နေရာဟောင်းဖြစ်သည်ဟုဆိုသည်။ ဒါဟာ Swan မြစ်တွင်မှတ်တမ်းတင်ထားသောငါးမန်းတိုက်ခိုက်မှုလေးခုသာရှိခဲ့ပြီး ၁၉၇၃ ခုနှစ်တွင်အများဆုံးဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် သေဆုံးမှုသည်ဖြစ်ခဲ့သည်။

2020 ခုနှစ်တွင် ဩစတေးလျတစ်နိုင်ငံလုံးအနေဖြင့် ငါးမန်းကိုက်၍ သေးဆုံးသူ ရှစ်ဦးရှိခဲ့ရာ သုံးဦးမှာ WA ရဲ့ကမ်းခြေများတွင်ဖြစ်ပွားခဲ့သည်။

ငါးမန်းကျွမ်းကျင်သူ Hugh Edwards က The West Australian သတင်းစာ သို့ပြောကြားရာတွင် ကမ်းခြေနှင့် ပိုမိုနီးကပ်စွာနေခြင်းသည်လည်း လုံခြုံမှုရှိသည်ဟု အခိုင်အမာပြောလို့မရကြောင်း “တကယ်တော့ ကျနော်တို့က ဒီငါးမန်းတွေ ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာ အတိအကျမသိနိုင်ဘူး ကြိုတင်ခန့်မှန်းလို့မရပါဘူး။ သက်သေအထောက်အထားမလုံလောက်ဘူး “ဟု Mr Edwards ကပြောခဲ့သည်။ ဥပမာ Cottesloe ကမ်းခြေမှာ ကမ်းလွန်ကျောက်တန်းရှိပါတယ် အဲဒီတစ်ဝိုက် လူတွေရေကူး ကြတာပဲ၊ ဒါပေမယ့် ဒီအသားစားသတ္တဝါတွေက အဲဒီလူတွေကိုကျော်ပြီးတော့ ကမ်းခြေနဲ့ပိုနီးတဲ့နေရာနားမှာရေကူးနေတဲ့သူတွေကို ဆွဲသွားခဲ့ဖူးတဲ့ သာဓကရှိတယ်လေ။ ရေကူးနေတုံး ငါးမန်းအန္တရယ်ကာကွယ်ဖို့ သင်လုပ်နိုင်တာတစ်ခုက ရေကူးတာနဲ့တခြားလူတွေနဲ့နီးနီးကပ်ကပ်နေဖို့လိုတယ်။ မိမိထက်ကိုယ်လုံးကိုယ်ထည် သေးငယ်တဲ့လူတွေနဲ့နီးနီးကပ်ကပ်နေပါ။ ဘာလို့လဲဆိုတော့ ငါးမန်းက အကောင်သေးတာကို ရွေးလေ့ရှိလို့ပါ။ ” ဟုဆိုသည်။

Source# 7 News