PM announces new rules for schools

ဝန်ကြီးချုပ် Scott Morrison မှ မိမိတို့ ကလေးငယ်များ ဘေးကင်းလုံခြုံရေးအတွက် မိဘများအနေဖြင့်ကျောင်းမပို့လိုသည့်ဆန္ဒရှိပါလျှင် အိမ်မှာပဲ ထားနိုင်ပါကြောင်း ဩစတေးလျတဝှမ်းရှိ မိဘများကိုပြောကြားလိုက်သည်။
သို့သော် ကျောင်းပို့လိုသည့်မိဘများအတွက်လည်း စာသင်ခန်းများကို ယခု Term စာသင်ကာလ ကုန်ဆုံးသည့်ကာလအထိ ဖွင့်ထားမည်ဖြစ်သည်။
Easter Holidays ကျောင်းပိတ်ရက်များပြီးလျှင်လည်း ၎င်းကာလနောက်ဆုံးအခြေအနေအပေါ်မူတည်၍ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ အကြံပေးချက်အတိုင်း ပြန်ဖွင့်ဖို့ မဖွင့်ဖို့ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယခုည တိုင်းပြည်သို့ပြောကြားသည့် မိန့်ခွန်းတွင်ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်က ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုရပ်တန့်ရန် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါကကျောင်းများအားတစ်နှစ်လုံးပိတ်ထားနိုင်သည်ဟုသတိပေးသည်။

ကျောင်းပိတ်ရက်ဆိုပေမည့် ရိုးရိုးကျောင်းပိတ်ရက်မဟုတ်ကြောင်း၊ သို့ပါ၍ ဘယ်နေရာကိုမှ အလည်အပတ်ခရီးမသွားကြပါဖို့၊ မည်သည့် စုရုံးခြင်းမှမလုပ်ကြဖို့လိုသည် ဝန်ကြီးချုပ်က အထူးပြောကြားသည်။

Source# https://7news.com.au/lifestyle/health-wellbeing/prime-minister-announces-new-rules-for-schools-amid-covid-crisis-c-757176