Perth sandwich supplier Chef’s Delight cops $30,000 fine

Perth မြို့ မူလတန်းကျောင်း တစ်ကျောင်း၏ Lunch Supplier ဖြစ်သူ Chef’s Delight အား ၎င်းတို့ရောင်းချေသော Sandwich အသားညှပ်ပေါင်မုန့်သည် မူလတန်းကျောင်းသားအား Anaphylactic Shock ခေါ် သေစေနိုင်လောက်သည့်ပြင်းထန်သောဓါတ်မတည့်မှု ဖြစ်ပွားစေသဖြင့် ဒေါ်လာ ၃၀၀၀၀ ဒဏ်ငွေချမှတ်ခဲ့သည်။ ၎င်းအဖြစ်အပျက်မှာ Nedlands မူလတန်းကျောင်းတွင် ၂၀၁၉ ဇွန်လတွင်ဖြစ်ပွားခဲ့သည်။ Gluten Free Ham & Cheese Toastie ဟု ဆိုသော်လည်း ၎င်းပေါင်မုန့်ကိုဓါတ်ခွဲစမ်းသပ်ပြီး Gluten ပါဝင်နေကြောင်းတွေ့ရှိရသည်ဆိုသည်။ ဒီဇင်ဘာလ တရားရုံးတွင် Chef’s Delight မှ သူတို့တွင်အပြစ်မရှိကြောင်း လျှောက်လွဲခဲ့သည်ဆိုသည်။ သို့သော်တရားရုံးမှ ၎င်းကုမ္ပဏီသည် ကုမ္ပဏီသည်၀န်ထမ်းများကိုလေ့ကျင့်သင်ကြားပေးရန်ပျက်ကွက်ခဲ့ပြီး ဝန်ထမ်းများ စည်းမျဉ်းများလိုက်နာမှုပျက်ကွက်သည်ဟု WAToday တွင်ဖော်ပြခဲ့သည်။ ၄င်း Chef’s Delight သည် Perth မြို့ မူလတန်းနှင့်အလယ်တန်းကျောင်းအတော်များများကို ဆူရှီ နှင့် lunch pack နေ့လည်စာများကို ရောင်းချသည်။ ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် the organisation commits to the “highest” safety standards ဟုဆိုထားသည်။

Source# Perth Now