Perth Airport သွားလာရာတွင် Mask တပ်ဆင်ရမည် မလိုက်နာလျှင် ဒဏ်ငွေ $50,000 အထိချမှတ်နိုင်သည်။

UK ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်(စ်)အသစ် ကြိုတင်ကာကွယ်ရေးအတွက် Perth Airport အတွင်း သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်ရမည်။
၁) နှာခေါင်းစည်းကို မိမိဖာသာယူဆောင်လာရမည်။
၂) Departure အတွက် Car Park တွင်ကားရပ်နားပြီး မိမိကားမှထွက်ခွာချိန်မှစ၍ ခရီးစဉ်တစ်လျှောက်လုံးတွင် သင်၏ နှာခေါင်းစည်းကို တချိန်လုံးထပ်ထားရမည်။
၃) Arrival အတွက် လေယာဉ်ပေါ်မှဆင်းပြီးချိန်မှစ၍ သင်၏ ကားထဲရောက်သည်အထိ (သို့မဟုတ်) သင်၏ quarantine တည်းခိုခန်းသို့ပြန်မရောက်မှီအထိ၊ မျက်နှာဖုံး ၀တ်ဆင်ရန်လိုအပ်သည်။
၄) Quarantine လိုအပ်သည်ဆိုပါကသင်၏ယာဉ်မောင်းအားအသိပေးရန်မမေ့ပါနှင့်။
၅) လေယာဉ်ပေါ်တွင် ကော်ဖီ သောက်ခြင်း (သို့မဟုတ်) စားသောက်ခြင်းများကို ပြုလုပ်သည့်အခါ နှာခေါင်းစည်းခတ္တချွတ်ထားနိုင်ပြီး ကိစ္စပြီးသွားသည်နှင့် နှာခေါင်းစည်းကို ချက်ချင်းပြန်တပ်ရမည်။
၆) အသက် ၁၂ နှစ်အောက်ကလေးများသည် နှာခေါင်းစည်းတပ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
မလိုက်နာလျှင် ဒဏ်ငွေ $50,000 အထိချမှတ်နိုင်သည်။

Source#
https://www.watoday.com.au/national/western-australia/no-mask-could-mean-50-000-fine-with-new-rules-in-force-at-perth-airport-20210113-p56txe.html
https://www.perthairport.com.au/passenger-guide/covid-19