၂၀၁၉ ခုနှစ်အတွင်း ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ဗီဇာဖျက်သိမ်းခံရ

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာကနေ ကျောင်းသားဗီဇာနဲ့ ကျောင်းလာတက်တဲ့ လူပေါင်း ထောင်နဲ့ချီ ဗီဇာဖျက်သိမ်းခံလိုက်ရပါတယ်။

တချို့ကတော့ စာရွက်စာတမ်းအတုတွေကြောင့် ဗီဇာဖျက်သိမ်းခံရတာတွေ၊ ဗီဇာရဲ့ သတ်မှတ်ချက်ကို မလိုက်နာတာတွေကြောင့် ဗီဇာဖျက်သိမ်းခံရတာ ဖြစ်ပါတယ်။ ဗီဇာဖျက်သိမ်းခံရသူ အများစုက တရုတ်နိုင်ငံသား၊ တောင်ကိုရီးယားနိုင်ငံသားဖြစ်ပြီး တတိယနေရာမှာ အန္ဒိယနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ Lovepreet Singh ဟာ သြစတြေးလျ နိုင်ငံကို ၆ လ ရောက်ပြီးတာတောင် မှတ်ပုံတင်ထားတဲ့ ဘာသာရပ်တွေမှာ ပညာသင်ယူမှုမရှိတဲ့အတွက် ကျောင်းသားဗီဇာ ဖျက်သိမ်းခံခဲ့ရပါတယ်။ တရားရုံးတက်တဲ့အခါမှာတော့ သူဟာ သြစတြေးလျနိုင်ငံမှာ ကျောင်းလာတက်ချင်တဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို တွေ့ရှိခဲ့ပြီး ဗီဇာရဲ့ ကန့်သတ်ချက်ကို မလိုက်နာဘူးဆိုပြီး နောက်တရားရုံးအဆင့်မှာလည်း တွေ့ရှိလို့ ဗီဇာဖျက်သိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာကနေ ကျောင်းသားဗီဇာနဲ့ ကျောင်းလာတက်တဲ့ လူပေါင်း ၁၈၀၀၀ ဗီဇာဖျက်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဗီဇာဖျက်သိမ်းခံရတဲ့အဓိက အကြောင်းရင်းကို ကြည့်လိုက်ရင် ကျောင်းသားဗီဇာရဲ့ သတ်မှတ်ချက်တွေကို မလိုက်နာလို့ ဖြစ်ရတာကို အများဆုံး တွေ့ရတယ်လို့လည်း လူဝင်မှုရေးရာ ဝန်ဆောင်မှုပေးတဲ့ အေးဂျင့်တစ်ခုက Navjot Singh Kailay က ပြောပါတယ်။
သတ်မှတ်ချက်တွေကို မလိုက်နာဘူးလို့ ပြောတဲ့အခါ အလုပ်လုပ်ခွင့် သတ်မှတ်ချက်ကို မလိုက်နာပဲ သတ်မှတ်ထားတဲ့ နာရီ ၂၀ ထက် ပိုလုပ်နေတာမျိုး ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ထပ် ဗီဇာဖျက်သိမ်းခံရတဲ့အကြောင်း တစ်ခုကတော့ အခြေအနေပြောင်းသွားတဲ့အခါ ၁၄ ရက်အတွင်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို အသိပေးဖို့ ပျက်ကွက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဇာရဲ့ သတ်မှတ်ချက်ကို လိုက်နာတဲ့ လူတွေအနေနဲ့တော့ ဘာမှ စိုးရိမ်စရာ မရှိဘူးလို့ ကျောင်းသားဗီဇာဆောင်ရွက်ပေးနေတဲ့ Harvinder Singh Khaira က ပြောပါတယ်။

ဗီဇာဖျက်သိမ်းခံရသူ လူပေါင်း ၁၇၈၁၉ ဦးထဲမှာ အမျိုးသား ၈၉ ၁၃ ဦးနဲ့ အမျိုးသမီး ၆၁၂၉ ဦးတို့ပါဝင်ပြီး အသက်အရွယ်ကတော့ ၁၈ နှစ်နဲ့ ၃၄ နှစ်ကြား ရှိသူတွေ ဖြစ်ကြပါတယ်။ ဗီဇာဖျက်သိမ်းခံရမှုများတဲ့ တခြားနိုင်ငံသားတွေထဲမှာ မလေးရှားနဲ့ ဘရာဇီးလ်နိုင်ငံသားတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

Thousands of international students had their visas cancelled last year for a number of reasons, including for providing false documents and non-compliance with visa conditions. Students from India accounted for over 1,100 cancellations, behind those from China and South Korea, according to the Department of Home Affairs.

Source#
Burmese https://www.sbs.com.au/language/burmese/over-a-thousand-indian-students-stripped-of-their-visas-in-2019?fbclid=IwAR16uLDpRcuQ1WeuSyWTLNd3rPB2Z8p4d25tTRBTK-h4FtVZs0aw8Mop0qw
English https://www.sbs.com.au/language/english/over-a-thousand-indian-students-stripped-of-their-visas-in-2019