Mingalathukha Silent Meditation Retreat
မင်္ဂလသုခဝိဟာရ “#ဝစီပိတ်တရားစခန်း” နှင့် #ဒုလ္လဘရဟန်းခံ ၊ #သီလရှင်ဝတ်ပွဲ – ဒီဇင်ဘာလ ဖွင့်လှစ်မည် ။ ။ ——– နိဗ္ဗာန်ဝင်လမ်း အဓိဋ္ဌာန် – (၃)ရက်တာ “ဝစီပိတ်တရားစခန်း”ကို မင်္ဂလသုခဝိဟာရမှာ ဒီဇင်ဘာ(၂၅)ရက်နေ့မှ – ၂၈ ရက်နေ့အထိ ဖွင့်လှစ်မည်။ ကျောင်းနေယောဂီ လက်ခံမှာဖြစ်တဲ့အတွက် တရားစခန်းဝင်လိုသော ဒကာ ၊ ဒကာမများကြိုတင်စာရင်းပေးသွင်းနိုင်သည်။ အချိန်ပိုင်းအပြင်မှလာရောက်တရားထိုင်လိုသောယောဂီများလည်းကြွရောက်တရားထိုင်နိုင်ဖို့အသိပေးဖိတ်ကြားသည်။ စာရင်းကြိုပေးထားနိုင်သည်။ #အစီအစဉ်များ ။ ။ ဒီဇင်ဘာ ၂၃ ရက် ညနေခင်း – ဒုလ္လလဝတ်မည့် ဒကာ ၊ ဒကာမများ ရှင်သာမဏေ နှင့် သီလရှင်စဝတ်မည်။ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ခင်း ရဟန်းအဖြစ်သိမ်ဝင်၍သိမ်ဆင်းမည်။ ဒီဇင်ဘာ ၂၅ ရက်ညနေ ယောဂီစုံ ၊ ၎င်းညတွင် တရားစခန်းဖွင့်မည်။ #လှူဒါန်းဖွယ်ရာများ ။ ။ အာရုဏ်ဆွမ်းတစ်နပ်လျှင် $ 150 နေ့ဆွမ်းတစ်နပ်လျှင် $150 နှုန်းဖြင့်လှူဒါန်းနိုင်သည်။ ဒုလ္လဘရဟန်းများ ၊ သီလရှင်များ ၊ ယောဂီများ တစ်နေ့တာလုပ်ငန်းစဉ် ။ ။ ——- ဒီဇင်ဘာ ၂၅ ရက်နေ့ည ၇:၀၀ နာရီတွင် ဒုလ္လဘရဟန်း ၊ သီလရှင်များ နှင့် ယောဂီများ “ဝစီပိတ်တရားစခန်း” စတင်ဖွင့်လှစ်မည်။ ၇:၃၀ တွင် တိသရဏဆရာတော်မဟာထေရ်ထံမှ ယောဂီများက ၈ပါးသီလဆောက်တည်၍ (၃)ရက်တာအတွင်း ဒုလ္လဘရဟန်း၊ သီလရှင်နှင့်ယောဂီများအတွက် လုပ်ငန်းစဉ်ဝိပဿနာအလုပ်ပေးတရားနာယူရန်။ ဒီဇင်ဘာ ၂၆ ရက် မနက်ခင်း ၄:၀၀ အိပ်ယာထ ကိုယ်လက်သန့်စင်၍ ၅:၀၀ မတိုင်ခင် “တရားဆောင်” သို့အရောက်ကြွရန်။ ၅:၀၀ နာရီတွင် ဘုရားရှိခိုး မေတ္တာပို့သရန်။ ဗုဒ္ဓဝိဟာရဆရာတော် (မင်္ဂလသုခဝိဟာရ ) ထံမှ ၅:၂၀ မှ ၆:၀၀ အထိ နံနက်ခင်းအလုပ်ပေးတရားနာယူရန်။ နံနက်ခင်း ၆:၀၀ မှ ၈:၀၀ အထိ မနက်ခင်းအဟာရသုံးဆောင်ရန် နှင့် ကိုယ်လက်သန့်စင်ရန်၊ အနားယူရန်။ ၈:၀၀ မှ ၉:၀၀ အထိ တရားအားထုတ်ရန် ၊ ၉:၀၀ မှ ၉:၃၀ အထိ စင်္ကြံကမ္မဋ္ဌာန်းအားထုတ်ရန်။ တိသရဏဆရာတော်မဟာထေရ်ထံမှ ၉:၃၀ မှ ၁၀: ၃၀ အထိ ဝိပဿနာအလုပ်ပေးတရားနာယူရန်။ ၁၀:၃၀ မှ ၁၁:၀၀အထိ ဗုဒ္ဓဝိဟာရဆရာတော် (မင်္ဂလသုခဝိဟာရ ) နှင့်ဒုလ္လဘရဟန်း၊ သီလရှင် ၊ ယောဂီများနေ့ဆွမ်းကြွရန် ၊ ဆွမ်းသုံးဆောင်ရန်။ နေ့လည်ခင်း ၁၂:၀၀ မှ ၁:၀၀ အထိ အနားယူရန် ၊ ၁:၃၀ မတိုင်ခင် “တရားဆောင်” သို့အရောက်ကြွရန်။ ၁:၃၀ မှ ၂:၃၀ အထိ တရားအားထုတ်ရန် ၊ ၂:၃၀ မှ ၃:၀၀ အထိ တရားလျှောက်၊ တရားစစ်ရန်။ [တရားစစ်ဆရာတော် တိသရဏဆရာတော်မဟာထေရ် ၊ ဗုဒ္ဓဝိဟာရဆရာတော် (မင်္ဂလသုခဝိဟာရ )] ၃:၀၀ မှ ၃:၄၅ အထိ ထိုင်တရားအားထုတ်ရန် ၊ ၃:၄၅ မှ ၄:၀၀ အထိ စင်္ကြံတရားအားထုတ်ရန်။ […]
Paw Daw Mu Food Festival
ပေါ်တော်မူကျောင်း December လရဲ့ ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်မည့် အချိန်။ 20 Dec 2020 Sunday 9am-1pm လာမည့်တနင်္ဂနွေ မနက် ၉နာရီမှ ၁နာရီထိ ကျောင်း တည်ရှိရာနေရာ။ 33 Hartfield St, Queens Park အစားအစားများကို ကြိုတင်မှာယူထားနိုင်ကြောင်း
Mingalathukha Food Fair Dec 2021
13.12.2020 နေ့ မင်္ဂလသုခဝိဟာရ ဘုန်းတော်ကြီးကျောင်း၏ လစဥ်ရံပုံငွေရှာစျေးပွဲတော်သို့ ကြွရောက်အားပေးရင်း ကုသိုလ်ယူနိုင်ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ You are cordially invited to join us on our monthly foodfete this Sunday 13.12.2020. You can place an order in advance if don’t want to miss out your favourite food and Christmas party specials. Thank you for your continued support.
Koondoola Monthly Food Fete
Koondoola ဓမ္မိန္နာရာမကျောင်း စျေးရောင်းပွဲ 29 Nov 2020 Sunday
Mingalathukha Monthly Food Fete
၁၅.၁၁.၂၀၂၀ နေ့ မင်္ဂလသုခဝိဟာရ ဘုန်းတော်ကြီးကျောင်း၏ လစဥ် ရံပုံငွေရှာ စျေးပွဲတော်သို့ ကြွရောက်အားပေးရင်း ကုသိုလ်ယူနိုင်ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ You are cordially invited to join us on our monthly food fete this Sunday 15.11.2020. You can place an order in advance if don’t want to miss out on your favorite food. Thank you for your continued support and look forward to seeing you with family and friends.
Koondoola Monastery Kathina Ceremony
Dhammindarama’s Kathina robe Offering event Kathina events Once in a year event One time in a certain monastery celebration Welcome to all our friend near and far Kathina falls on 15 November 2020 for Dhammindarama monastery this year. We heartily and warmly invite you and your family to join and to participate this significant event together. Time: 15/11/ 2020 Sunday & 9 am to 2 pm Location: No. 50 Butterworth Av, Koondoola WA 6064 Dhammindarama Program: Offering lunch to Sangha & Listening Dhamma Offering Kathina robe to Sangha community Food, Sweet, and Burmese lunch are Sponsored by TMBSWA members and friends.
Dhammacedi Monthly Food Fete
ဓမ္မစေတီထေရဝါဒ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း လစဉ် ကုသိုလ်ဖြစ် ရံပုံငွေရှာဖွေရေး စျေးရောင်းပွဲ
Dhammacedi Lighting Festival
ဩစတြေးလျနိုင်ငံအနောက်ပိုင်းပါသ်မြို့၊ဓမ္မစေတီထေရဝါဒဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းတွင်၊ သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝတိံသာနတ်ပြည်မှသင်္ကဿနဂိုရ်ပြည်သို့ဆင်းသက်ကြွမြန်းတော်မူခဲ့သည့်အထိမ်းအမှတ်အဖြစ်အလေးအမြတ်ထား၍ပူဇော်သည့်မီးထွန်းပွဲတော်ကို ၂၀၂၀ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၅:၃၀ မှ ၈:၀၀ နာရီ အထိကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ အတူတကွဆင်နွဲရင်း ရသာစုံ စားသောက်ဖွယ်ရာများဖြစ်သော လက်ဖက်ရည်၊ အီကြာကွေး၊ ဆမူစာ၊ ကြက်သားကြာဇံချက်၊ ဖာလူဒါ တို့ဖြင့် စတုဒီသာ ကျွေးမွေးဧည့်ခံမည်ဖြစ်ပါကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်။
Dhammacedi Thadinkyut Lighting Festival
ဩစတြေးလျနိုင်ငံအနောက်ပိုင်းပါသ်မြို့၊ဓမ္မစေတီထေရဝါဒဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းတွင်၊ သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝတိံသာနတ်ပြည်မှသင်္ကဿနဂိုရ်ပြည်သို့ဆင်းသက်ကြွမြန်းတော်မူခဲ့သည့်အထိမ်းအမှတ်အဖြစ်အလေးအမြတ်ထား၍ပူဇော်သည့်မီးထွန်းပွဲတော်ကို ၂၀၂၀ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၅:၃၀ မှ ၈:၀၀ နာရီ အထိကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ အတူတကွဆင်နွဲရင်း ရသာစုံ စားသောက်ဖွယ်ရာများဖြစ်သော လက်ဖက်ရည်၊ အီကြာကွေး၊ ဆမူစာ၊ ကြက်သားကြာဇံချက်၊ ဖာလူဒါ တို့ဖြင့် စတုဒီသာ ကျွေးမွေးဧည့်ခံမည်ဖြစ်ပါကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်။
COVID-19 Fundraising for Myanmar
မြန်မာပြည် COVID-19 Medical Support ထောက်ပံ့ လှူဒါန်းရန်အတွက် စျေးရောင်းပွဲ။ Myanmar Catholic community တွင် လာမည့် စနေ၊ တနင်္ဂနွေ 24th,25th October နေ့များတွင်ကျင်းပမည်ဖြစ်ပါသည်။
Dhamma Cedi Monthly Food Fete
မိမိတို့ဝယ်ယူလိုသော အစားအစာများကို ကြိုတင်မှာယူနိုင်ပြီး $30 နှင့် အထက်မှာယူလျှင် အိမ်အရောက်ပို့ဆောင်ပေးမည်။ Source# https://www.facebook.com/profile.php?id=100009406874819
Mingalathukha Monthly Food Fete
မင်္ဂလသုခဝိဟာရ ဘုန်းတော်ကြီးကျောင်း၏ လစဥ် ရံပုံငွေရှာ စျေးပွဲတော်သို့ကြွရောက် အားပေးရင်းကုသိုလ်ယူနိုင် ကြပါရန်ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ You are cordially invited to join us on our monthly food fete this Sunday 20.9.2020. Thank you for your continued support and look forward to seeing you with family and friends.
Fund Raising for Kachin Association Australia WA
Available Myanmar Food: Shan Noodle, Mont Hingar, Nangyi Thote, Myee Shay, A Kyaw Sone, Biryani, Burmese Laksa, Tofu Salad, Kachin Dishes (Chicken), Kaw Pote (Bapa), Pork Curry, Beef Curry, Kyay Oo, Korean Kimbap, Korean Beef Noodle, Malar shan kaw, Chinese Cruller (E Kyar Kway), Coffee and Tea, Beverages and Others, Variety Desserts
Mingalathukha Monthly Burmese Food Fair
မင်္ဂလသုခ ဝိဟာရ လစဉ်မြန်မာအစားအစာစျေးပွဲတော် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုတ်၊ အကြော်စုံ၊ လဘက်ရည် ပဲပြုတ် နံပြား အီကြာကွေး၊ မြန်မာဟင်းအမျိုးမျိုး၊ မြန်မာရိုးရာမုန့်များ စသည်ဖြင့်ရောင်းချပေးသွားမယ်ဖြစ်ပါသည်။
Mahabodhi WASO robe offering ceremony
မဟာဗောဓိဘုန်းကြီးကျောင်း ဝါဆိုသင်္ကန်းကပ် ဝါဆိုသင်္ကန်းကပ်ပူဇော်ပွဲ အလှူ မင်္ဂလာ ဖိတ်ကြားလွှာ။
Mingalathukha Vihara WASO robe offering ceremony
မင်္ဂလသုခဝိဟာရ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ
Mingalathukha Vihara Food Fair & Waso Robe offering
Foodfair this Sunday 19.7.20 Waso robe offering next Sunday 26.7.20 All welcome and thank you for your continued support. ဓမ္မမိတ်ဆွေများ ကြွရောက်ကုသိုလ်ယူကြဖို့ အထူးဖိတ်ကြားအပ်ပါသည်။
Koondoola Monastery Food Fete
Koondoola ကျောင်း လစဉ် စျေးရောင်းပွဲ။ ယခုလမှစ၍ ပြန်လည်ကျင်းပပေးမည်။ မုန့်ဟင်းခါး ၊ အသုပ်စုံ (မအမာစိန်)၊ ကြာဆံသုပ်၊ ခေါက်ဆွဲသုပ်၊ ဗူးသီးကြော်၊ ကြက်သွန်ကြော်၊ စမူဆာ၊ ဝက်ခေါင်းသုပ်၊ တို့ဟူးသုပ်၊ သာကူမုန့်နှင့်မုန့်အချိုများရပါမည်။ လာရောက်အားပေးကြပါရန် ဖိတ်ခေါ်ပါသည်။ Koondoola Foodfete in Australia REOPEN NOW Welcome our foodfete WA are reopening now… Come and enjoy Burmese fish-soup our foodfete Date: 28/06/ 2020 Sunday Time: 9 am to 2 pm Location: 50 Butterworth Ave, Koondoola WA 6064 Thank you so much for your supporting us. TMBSWA On 26/06/2020 WA will be ease all restriction of its state-4. Community facilities open • Places of worship, community facilities and libraries may increase capacity to 100 patrons in each room, up to 300 per venue. Activities listed below are allowed for up to 100 people per single undivided space, up to 300 people in total per venue over multiple spaces (100/300 rule), while ensuring physical distancing, good hygiene and the 2 square metre rule are followed: Public gatherings • non-work indoor and outdoor gatherings of up to 100 people per single undivided space, up to 300 people in total per venue over multiple spaces (100/300 rule) • weddings and funerals up to 100 people. Food and beverage • food businesses and licensed premises may operate, but only with seated service • alcohol may […]
Dhamma Cedi Monthly Food Fair
ဓမ္မစေတီဘုန်းတော်ကြီးကျောင်းလစဉ်စျေးရောင်းပွဲ တွင် မြန်မာ့ရိုးရာအစားအစာများ ရောင်းချပေးသွားမည်ဖြစ်ပါ၍ ကြွရောက်ကုသိုလ်ယူကြပါရန် လေးစားစွာနှိုးဆော်တိုက်တွက်အပ်ပါသည်။
တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီးဘဒ္ဒန္တကုမာရ ပါသ့်မြို့ကြွရောက်မည်
နိုင်ငံတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ သက်တော် (၈၉) သိက္ခာတော် (၇၀) ဝါရှိ ကရင်ပြည်နယ်၊ ကမမောင်းဗဟိုသာသနာပြုဌာန မှ သက်တော်ရှည် တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီးဘဒ္ဒန္တကုမာရမဟာထေရ်သည် ၁၊ ၃၊ ၂၀၂၀ တွင် ဩစတေးလျနိုင်ငံ ၊ ပါ့သ်မြို့၊ မင်္ဂလသုခဝိဟာရကျောင်းကြွရောက်သီတင်းသုံးအဖူးမျှော်ခံမည်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးအား ကြုံတောင့်ကြုံခဲ ဖူးရခဲသောကြောင့် ပါ့သ်မြို့ရှိ ဗုဒ္ဓဘာသာဝင်များကို ကြွရောက် ဖူးမျှော်နိုင်ကြရန်အလို့ငှါ အထူးဖိတ်ကြားအပ်ပါသည်။ ဆက်သွယ်လှူဒါန်းလိုပါက ဆရာတော်အရှင်ပညာဒီပ – ဖုန်း0415 468 736 ဒေါ်စန္ဒာတင်တင်လှ – ဖုန်း 0412 146 787 ထံသို့ ဆက်သွယ်နိုင်ပါသည်။ မင်္ဂလသုခဝိဟာရ
Dhamma Baeyi Ashin Wiyiya (Taung Soon) Dhamma Talk
တရားချစ်ခင်သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းတို့….. ဩစတြေးလျနိုင်ငံ၊ ပါသ်မြို့ ဓမ္မစေတီ ထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတော်တွင် မြန်မာနိုင်ငံတော် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ရွှေဂွမ်းထုပ်ရပ်၊ တူမောင်းတိုက်၊ ပဓာန နာယကဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ၊ သာသနဓဇဓမ္မာစရိယ၊ ဒီဃဘာဏက (ပိဋကတ်တစ်ပုံဆောင်)၊ နိကာယုဇ္ဇောတက ဒီဃနိကာယ အဂ္ဂဓမ္မာစရိယ မှ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၉) ရက် စနေနေ့ တွင် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူမည်ဖြစ်ပါ၍ တရားနာကြွတော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ ကြွရောက်လာကြမည့် တရားနာ ဧည့်ပရိသတ်များ ကို အာဟာရ ဒါန တို့ဖြင့် ဧည့်ခံကျွးမွေးပါမည် တရားပွဲကျင်းပမည့်နေ့ရက် : ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၉) ရက် စနေနေ့ တရားပွဲကျင်းပမည့်အချိန် : ညနေ ၆ နာရီ ၃၀ မိနစ် မှစတင်ပါမည်၊ တရားပွဲကျင်းပမည့်နေရာ : ဓမ္မစေတီ ထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း 53 Hemingway Drive, Camillo, WA 6111
Koondoola Monastery Monthly Food Fete
စျေးရောင်းပွဲတွင် မုန့်ဟင်းခါး၊ အသုပ်စုံ၊ ဘူးသီးကြော်၊ ဝက်ခေါင်းသုပ်၊ ပဲပြုတ်၊ အချိုပွဲ၊ ဆီထမင်း၊ ဆနွင်းမကင်း၊ ဒန်ပေါက် စသည့်အစားအစားများရောင်းချပေးပါမည်။ TMBSWA invites you and your family to our regular events “FoodFete” on the last Sunday of each month. Giving you enjoyment of the good taste, meeting with new friends, chatting with guys are always making fun. Come and Enjoy. Thanks you for your supporting us. TMBSWA
Mingalathukha Kathina Ceremony
8.11.2020 မင်္ဂလသုခဝိဟာရ မဟာဘုံကထိန် ။ ။ မဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာလ ၈ ရက်တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်သည်။ မဟာဘုံကထိန် ပဒေသာပင်သီးမှာဖြစ်သောကြောင့် မိမိစေတနာအားဖြင့် အလှူငွေပဒေသာပင် သီးနိုင်ပါကြောင်းနှိုးဆော်ရင်း ကထိန်ပွဲကို ကြွရောက်ကြဖို့ဖိတ်ပါတယ်။
Burmese (Myanmar) Community Carols by Candlelights
Burmese (Myanmar) Community Fundraising Food Fete and Carols by Candlelights ခရစ္စမတ်အကြို ရံပုံငွေရှာစျေးရောင်းပွဲတော်
Mingalathukha Vihara Htamane Festival & Monthly Food Fete
မြန်မာ့ရိုးရာ ထမင်းနဲပွဲနှင့် လစဉ်စျေးရောင်းပွဲ
Tisarana Vihara Htamanè Festival and Food Fete
တိသရဏဝိဟာရ မြန်မာ့ရိုးရာ ထမင်းနဲပွဲ နှင့် စျေးရောင်းပွဲ
Paw Daw Mu monastery Htamanè Festival
ပေါ်တော်မူကျောင်း၏ စုပေါင်းထမင်းနှဲထိုးပွဲကို ပထမအကြိမ်အဖြစ် 8/2/20 စနေနေ့ နေ့လည် (၁၂ )နာရီအချိန်တွင် စတင်ပြုလုပ်ကျင်းပသွားမှာဖြစ်ပါသောကြောင့် ကိုယ်တိုင်လုပ်အားဒါနပေးချင်သူများကိုလည်း အထူးဖိတ်ကြားအပ်ပါသည်။ *ကျွေးမွေးဧည့်ခံခြင်းအစီအစဉ် 9/2/20 တနင်္ဂနွေနေ့ နံက် (၉)နာရီအချိန်မှာတော့ ကြွရောက်လာကြသော မိတ်ဆွေအပေါင်းကို ဦးဇော်ထူး+ဒေါ်အေးသန်းမိသားစုနှင့်ကိုဝဏ္ဏ+မတင်တင်ငြိမ်းမိသားစုတို့မှ မြန်မာမုန့်ဟင်းခါး နှင့်ဧည့်ခံကျွေးမွေး၍မေတ္တာလက်ဆောင်ထမင်းနှဲပေးဝေမည်ဖြစ်ပါကြောင်းမိတ်ဆွေအပေါင်းအားသတင်းကောင်းပါး၍ဖိတ်ကြားအပ်ပါသည်။ *ဆက်သွယ်ရန် အရှင်တေဇနိယ= Ph-0437365545 နေရာ=.
Chit Kaung, Khin Su Su Naing & Nilan @ Theik-Di-Win Promotion Ceremony Music Concert
သိဒ္ဓိဝင်ဆိုင်များမှ ကျင်းပမည့် Promotion Ceremony တွင် ချစ်ကောင်း၊ ခင်ဆုဆုနိုင်၊ နီလန်းတို့မှ သီဆိုဖျော်ဖြေမှုများနှင့် ဧည့်ခံမည်ဖြစ်ပြီး သိဒ္ဓိဝင်စိန်ရွှေရတနာဆိုင်မှ ရွှေ ၁ကျပ်သား ၁ ဆု နှင့် ရွှေငါးမူးသား ၂ ဆုတို့ကိုလည်း ကံထူးရှင်ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
Mahabodhi mothly food fete
မဟာဗောဓိကျောင်းလစဉ်စျေးရောင်းပွဲတွင် မုန့်ဟင်းခါး၊ ဒန်ပေါက်၊ အကြော်စုံ၊ ပဲပြုတ်၊ ကောက်ညှင်းပေါင်း၊ မြန်မာဟင်းများ ရောင်းချပေးမည်ဖြစ်ပါ၍ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
Samadi Muni Buddha Image @ Mingalathukha Vihara
မင်္ဂလသုခဝိဟာရကျောင်းတွင် ပူဇော်ထားရှိမည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သံဃာတော်အရှင်မြတ်များမှ ဗုဒ္ဓဘိသေက အနေကဇာတင် နှင့် ရေစက်သွန်းချအလှူမင်္ဂလာပြုလုပ်လှူဒါန်းမည်ဖြစ်ပါသည်။ မိမိတို့နေအိမ်တွင် ပူဇော်ထားသောဘုရားဆင်းတုတော်များအားလည်း အနေကဇာတင်လိုပါက ၂၅.၁.၂၀၂၀ ညနောက်ဆုံးထားပြီး မင်္ဂလသုခဝိဟာရကျောင်းသို့ ပို့ဆောင်နိုင်ပါသည်။
Koondoola Monastery Monthly Food Fete
လစဉ် နောက်ဆုံး တနင်္ဂနွေနေ့ ကျောင်းရံပုံငွေ စျေးရောင်းပွဲ ဝယ်ယူအားပေးမှု အတွက် ဂုဏ်ယူပါရစေ Food fete for ALL The last Sunday of each month Time: 26 January 2020 Sunday 9 am to 2 pm Location: No. 50 Butterworth Ave Koondoola WA 6064 We proudly sponsor fundraising for community’s affairs & monastic funds Source# https://www.facebook.com/ashin.indaka
Myanmar Food On Sale 10% OFF for member + Delivery Service (Paw Daw Mu monastery fundraising)
ပေါ်တော်မူကျောင်း ရံပုံငွေ ဈေးရောင်းပွဲကို လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ မလာနိုင်သူများအတွက် သယ်ယူပို့ဆောင်ရေးစနစ်လည်း ပါ၀င်မှာဖြစ်ပြီး အနည်းဆုံး $၂၀အထက် ၀ယ်ယူပါက အိမ်အရောက်ပို့ဆောင်ပေးပြီး ပို့ခ $၅ ကျသင့်မှာဖြစ်ပါတယ်။ ၀ယ်ယူလိုသူများ စတင်ပြီး ကြိုတင်မှာယူနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ ဆက်သွယ်ရန် Zawro 0410-947-590 Event Link on Facebook: https://www.facebook.com/events/s/myanmar-food-on-sale/2713364932062720/
Mingalathukha Vihara 7 Days Meditation Retreat
မင်္ဂလသုခဝိဟာရ (၇)ရက် တရားစခန်း 06 Jan 2020 မှ 12 Jan 2020 အထိ။ ဆရာတော် အရှင်ဝိဇ္ဇာနန္ဒ (သာသနဓဇဓမ္မာစရိယ သိရီပဝရဓမ္မာစရိယ ဒီဃနိကာယပါဠိပါရဂူ) နှင့် အရှင်ပညာဒီပ (ဓမ္မာစရိယ၊ B.A Humanities) တို့၏ ဦးဆောင်မှုဖြင့် ၇ ရက်တာ နိဗ္ဗာန်ဝင်လမ်း အဓိဌာန်တရားစခန်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် တရားစခန်းဝင်လိုသော ယောဂီများအနေဖြင့် ကြွရောက် တရားအားထုတ်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
MAHABODHI MONTHLY FOOD FAIR
မဟာဗောဓိကျောင်းလစဉ်စျေးရောင်းပွဲတွင် မုန့်ဟင်းခါး၊ ဒန်ပေါက်၊ အကြော်စုံ၊ ပဲပြုတ်၊ ကောက်ညှင်းပေါင်း၊ မြန်မာဟင်းများ ရောင်းချပေးမည်ဖြစ်ပါ၍ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
Tisarana Vihara 2020 Event Schedule
တိသရဏဝိဟာရ ဘုန်းတော်ကြီးကျောင်း၏ ၂၀၂၀ ခုနှစ်အတွက် ဘာသာရေးပွဲတော်များနှင့် ရံပုံငွေရှာစျေးရောင်းပွဲ ကျင်းပမည့်ရက်များ Source # https://www.facebook.com/tisaranaperth/
U Thawbana, Mogok Vippsana 10 Days Meditation Retreat
မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် နာယကဆရာတော်ဦးသောဘန မိုးကုတ်ဝိပဿနာ (၁၀) ရက် တရားစခန်း
Monthly Food Fete @ Dhamma Cedi
ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား ဩစတြေးလျနိုင်ငံအနောက်ပိုင်း ပါသ်မြို့၊ ဓမ္မစေတီထေရဝါဒ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတော်ကြီး၏ နိုဝင်ဘာလ ရံပုံငွေရှာဖွေရေး အစားအသောက်ရောင်းချပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက် တနင်္ဂနွေ နံနက်ပိုင်းတွင် အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်အားပေးပြီး ရသာစုံ မြန်မာ့လက်ရာ စားသောက်ဖွယ်ရာများကို ဝယ်ယူသုံးဆောင် ခြင်းဖြင့်ကုသိုလ်ယူနိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ရောင်းချမည့် အစားအသောက်များ – မုန့်ဟင်းခါး၊ ကော်ပြန့်ကြော်၊ စမူဆာ၊ ဝက်ကလီစာ၊ ငါးခူချက်၊ ကြက်ကြော်၊ ကောက်ညှင်းပေါင်း၊ ချဉ်ပေါင်ကြော်၊ ဒံပေါက်၊ အကြော်စုံ၊ ပဲပြုတ်၊ မုန့်ဖက်ထုတ်၊ မန္တလေးပဲကြော်၊ လက်သုပ်စုံ၊ နန်းကြီးသုပ်၊ အီကြာကွေး တို့အပြင် အခြားမြန်မာ့ရိုးရာအစားအစာများ။
Mahabodhi Monthly Food Fair
မဟာဗောဓိကျောင်းလစဉ်စျေးရောင်းပွဲတွင် မုန့်ဟင်းခါး၊ ဒန်ပေါက်၊ အကြော်စုံ၊ ပဲပြုတ်၊ ကောက်ညှင်းပေါင်း၊ မြန်မာဟင်းများ ရောင်းချပေးမည်ဖြစ်ပါ၍ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
Dhamma Cedi Evening Dhamma Talk
ဓမ္မစေတီကျောင်းတွင် မကွေးတိုင်းဒေသကြီး သံဃာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစိန္တာသာရ (အဂ္ဂမဟာပဏ္ဍိတ) မှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူမည်ဖြစ်ပါ၍ တရားနာကြွရောက်တော်မူကြပါရန်။ ကြွရောက်လာကြမည့် တရားနာပရိသတ်များကို မြန်မာလက်ဖက်ရည် ပဲပြုတ် အီကြာကွေးတို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်သည်။
Monthly Food Fete – Mingalathukha Vihara
You and your family are invited to our Monthly Food Fair this coming Sunday from 9:30 am till 1 pm. Please pass on to your friends and family to come and support the monthly event in raising funds to sponsor and invite Sayadaws from Myanmar. Thank you for your interest, considerationn, kind generosity and continued support!. We look forward to seeing you this Sunday. I would like to take this opportunity to wish you and your family good health and happiness. With metta… Mingala Thukha Vihara Team 76 Templeton Crescent, GIrrawheen
Food Fete @ Myanmar Traditional Dishes
မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ အသုပ်စုံ၊ ပဲပြုတ်၊ အကြော်စုံ၊ တို့ဖူးသုတ်၊ မြီးရှည်၊ ဝက်ခေါင်းသုပ်၊ မုန့်လင်မယား၊ ကြေးအိုး၊ ငှက်ပျောကောက်ညှင်းထုတ်၊ ရှမ်းခေါပုတ်၊ အုန်းထမင်း+အမဲသားဟင်း၊ ဝက်သားလိပ်ကြော်၊ မုန့်လက်ဆောင်း၊ ဒံပေါက် စသည်ဖြင့် အသင်းတော်အဆောက်အဦ ရံပုံငွေအတွက် ကျေးဇူးတော်ချီးမွမ်းလျှက် စုံလင်စွာပြင်ဆင်ရောင်းချပေးမည်။
Pa-Auk U Dhammapadi Meditation
ဖားအောက်ဝိပဿနာ (၁၀) ရက် နေ့တရားစခန်း ၁၁.၁၁.၂၀၁၉ မှ ၂၀.၁၁.၂၀၁၉ (11 Nov – 20 Nov 2019) ကို မဇ္စျိမရိပ်မြိုင်ကျောင်း၌ ဖားအောက်ရိပ်သာခွဲ ပေါင်မြို့ (ဓမ္မအလင်းရောင် ဗုဒ္ဓသာသနရိပ်သာ ဆရာတော် ကမ္မဌာနစရိယ ဘဒ္ဒန္တ ဦးဓမ္မပတိ မှ ဝိပဿနာတရားများ ပြသပေးမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ဆရာတော် မှ Perth မြို့ ဒါယကာ ဒါယိကာမများကို ချီးမြှောက်သောအားဖြင့် (၁၂.၁၁.၂၀၁၉-၂၀.၁၁.၂၀၁၉ အတွင်း) ည ၇ နာရီ မှ ၈ နာရီ အတွင်း နိဗ္ဗာန်ရောက်ကြောင်းတရားများချီးမြှင့်ပေးမည်ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန်နှိုးဆော်တိုက်တွန်းလိုက်ပါသည်။ ဆရာတော် ဘဒ္ဒန္တ ဦးဓမ္မပတိ ရေးသားပြုစုတော်မူခဲ့သည့် “သင် အသက်ရှုတတ်ပြီလား” ဖားအောက် ဝိပဿနာ အလုပ်ပေးတရား ဓမ္ဓစာအုပ် http://tiny.cc/dp71fz
Fullmoon day Dhamma Talk @ Mingalathukha Vihara
တန်ဆောင်မုန်းလပြည်ညနေ့ညနေခင်းအထူးတရားပွဲ နှင့် အပါတ်စဉ် အာစိဏ္ဏကံ နိဗ္ဗာန်ဝင်လမ်း အဓိဌာန်တရားစခန်းဖွင့်ပွဲ မင်္ဂလသုခဝိဟာရ၌ ကျင်းပမည်ဖြစ်ပါသည်။
Tisarana Vihara Kathina Ceremony
တိသရဏဝိဟာရ စုပေါင်းမဟာဘုံကထိန်ပွဲ အတူတကွကုသိုလ်ပါဝင်နိုင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ ကြွရောက်လာကြသော့ ဧည့်ပရိသတ်များအား အလှူရှင်များမှ ထမင်း၊ ဟင်း၊ မုန့်အချိုများဖြင့် ဧည့်ခံလှူဒါန်းပါမည်။
Mizzima Yeik Myaing Kathina Ceremony
မဇ္စျိမရိပ်မြိုင်ကျောင်း စုပေါင်းကထိန်သင်္ကန်းကပ်လှူပွဲ
Monthly Food Fete @ Dhamma Cedi
ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား ဩစတြေးလျနိုင်ငံအနောက်ပိုင်း ပါသ်မြို့၊ ဓမ္မစေတီထေရဝါဒ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတော်ကြီး၏ နိုဝင်ဘာလ ရံပုံငွေရှာဖွေရေး အစားအသောက်ရောင်းချပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၉ ရက် စနေနေ့ ညနေတွင် အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်အားပေးပြီး ရသာစုံ မြန်မာ့လက်ရာ စားသောက်ဖွယ်ရာများကို ဝယ်ယူသုံးဆောင် ခြင်းဖြင့်ကုသိုလ်ယူနိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေ့ရက်- ၂၀၁၉ နိုဝင်ဘာလ ၉ ရက် စနေနေ့ နေရာ – 53 Hemingway Drive, Camillo, WA 6111 အချိန်- ညနေ ၅ : ၃၀ မှ ည ၈ : ၃၀ အထိ ရောင်းချမည့် အစားအသောက်များ – ဘားအံမုန့်ဟင်းခါး၊ မော်လမြိုင်ဝက်ခေါင်းသုပ်၊ ရန်ကင်းတို့ဖူးသုပ်၊ ပုသိမ်လက်သုပ်စုံ၊ မြန်မာ့ရိုးရာ အကြော်စုံ၊ ဖိုးခွားချဉ်ပေါင်ကြော်၊ အန်တီကောလင်း အချိူမုန့် မျိူးစုံ၊ စားတော်ပဲပြုတ်၊ ကုလားပဲသီးစုံဟင်း၊ လ္ဘက်ရည်၊ ဆမူစာ၊ ကော်ပြန့်၊ အီကြာကွေး၊ ထိုင်း သင်္ဘောသီးထောင်း တို့အပြင် အခြား မြန်မာ့ရိုးရာ အစားအစာများ…… နိုဝင်ဘာလ ရံပုံငွေရှာဖွေရေး အစားအသောက်ရောင်းချပွဲ သို့လာရောက်အားပေး သုံးဆောင်ကြမည့် စေတနာ့ရှင်များမှလည်း ဓမ္မစေတီတော် နှင့် ဘုန်းတော်ကြီးကျောင်း ဘက်စုံတိုးတက်ရေးအတွက်အလှူငွေ သဒ္ဒါတတ်အားနည်းများမဆို ထည့်ဝင်လှူဒါန်း၍ ကုသိုလ်ပြု နိုင်ပါကြောင်း နှင့် အစားအသောက်ကုသိုလ်ပါဝင်လိုသူများသည်အောက်ဖေါ်ပြပါပုဂ္ဂိုလ်များကိုဆက်သွယ် လှူဒါန်းနိုင်ပါကြောင်အသိပေးအပ်ပါသည်။ ဘုန်းဘုန်း ဦးနန္ဒသာရ – 0491140710 ဦးဋ္ဌေးအောင် – 0452642242 ကိုထွန်းဝင်း – 0466412954 ကိုကျော်ထူး – 0421657852 အကျိူးတော်ဆောင်အဖွဲ့ ဓမ္မစေတီဘုန်းတော်ကြီးကျောင်း
Monthly Food Fete – Mingalathukha Vihara
You and your family are invited to our Monthly Food Fair this coming Sunday from 9:30 am till 1 pm. Please pass on to your friends and family to come and support the monthly event in raising funds to sponsor and invite Sayadaws from Myanmar. We have Sayadaw Pannadipa residing at Mingala Thukha Vihara who is providing religious services, teaching Dhamma and Burmese language, etc. Thank you for your interest, considerationn, kind generosity and continued support!. We look forward to seeing you this Sunday. I would like to take this opportunity to wish you and your family good health and happiness. With metta… Mingala Thukha Vihara Team 76 Templeton Crescent, GIrrawheen
Dhammathiri Kathina Ceremony
ဓမ္မသီရိရိပ်သာ စုပေါင်းဘုံကထိန်၊ ကထိန်သင်္ကန်းကပ်၊ စုပေါင်းဆွမ်းကပ်၊ တရားနာယူ ကြပါမည်။ ကြွရောက်လာကြသော ဧည့်ပရိသတ်များကို မုန့်ဟင်းခါး အချိုမုန့်များဖြင့် ကျွေးမွေးဧည့်ခံမည်ဖြစ်ပါသည်။ ကြွရောက်ကုသိုလ်ယူကြပါရန်ဖိတ်ကြားအပ်ပါသည်။
Koondoola Monastery Kathina Ceremony
ဓမ္မိန္ဒာရာမကျောင်း ကထိန်ပွဲတွင် မုန့်ဟင်းခါး၊ မြန်မာထမင်းဟင်း ဒံပေါက် အချိုပွဲများဖြင့် စုံလင်စွာ ကျွေးမွေးမည်ဖြစ်ပါ၍ ကြွရောက်ကုသိုလ်ယူကြပါရန်။
Mingalathukha Vihara Kathina Ceremony
မင်္ဂလသုခဝိဟာရ စုပေါင်းမဟာဘုံကထိန်ပွဲ၊ ဟင်းမျိုးစုံဖြင့် စတုဒီသာ ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ပါသည်။ အတူတကွကုသိုလ်ယူနိုင်ကြပါရန် အထူးဖိတ်ကြားအပ်ပါသည်။
Mingalathuka Sanga Pavarana Ceremony & Thadingyut Lighting Festival
မင်္ဂလသုခဝိဟာရတွင် သီတင်းကျွတ်လပြည့်နေ့ အခါသမယ ပါသ့်မြို့ရှိ သံဃာတော်များ ၁၇ပါး စုပေါင်းပြီး နှစ်စဉ် သံဃကိစ္စများ မေးမြန်းတိုင်ပင် နှီးနှောခြင်းပြုသည့် “ပဝါရဏာ” ပွဲကြီးကျင်းပမည်ဖြစ်ပါသည်။ သံဃာတွေစုစုစည်းစည်း ဖူးမျှော်ခွင့်ရမည့် ကုသိုလ်ပြုခွင့်ရမည့် ကုသိုလ်ထူးသည့် အခါသမယ ကြွရောက်ကြပါရန် ဖိတ်မန္တကပြုအပ်ပါသည်။ ကြွရောက်လာသော ပရိသတ်များကို ကြာဆံချက်၊ ကြက်ကြော်၊ ဘူးသီးကြော်၊ လက်ဖက်ရည်ကြမ်းဝိုင်းတို့ဖြင့် ကျွေးမွေးမည်ဖြစ်ပါသည်။
တိသရဏဝိဟာရကျောင်း အဘိဓမ္မာအခါတော်နေ့
တိသရဏဝိဟာရကျောင်း အဘိဓမ္မာအခါတော်နေ့ ပူဇော်ပွဲဖိတ်ကြားလွှာ
Dhammacedi Lighting Festival and Food Fair
ဓမ္မစေတီကျောင်း သီတင်းကျွတ်လပြည့်မီးထွန်းပွဲနှင့် စျေးရောင်းပွဲ ၊ မုန့်ဟင်းခါး၊ နန်းကြီးသုတ်၊ ချဉ်ပေါင်ကြော်၊ ငရုတ်သီးကြော်၊ သင်္ဘောသီးထောင်း၊ ဝက်ခေါင်းသုတ်၊ မုန့်ဖက်ထုတ်၊ ကော်ပြန့်ကြော်၊ စမူဆာကြော်၊ အီကြာကွေး၊ လက်ဖက်ရည်၊ အကြော်စုံ၊ မုန့်မျိုးစုံ တို့ ရောင်းချပေးသွားမည်ဖြစ်ပါသည်။
Mahabodhi Monthly Food Fair
မဟာဗောဓိကျောင်းလစဉ်စျေးရောင်းပွဲတွင် မုန့်ဟင်းခါး၊ ဒန်ပေါက်၊ အကြော်စုံ၊ အသုတ်စုံ၊ တို့ဟူးသုတ်၊ နန်းကြီးသုတ်၊ ပဲပြုတ်၊ ကောက်ညှင်းပေါင်း၊ မြန်မာဟင်းများ ရောင်းချပေးမည်ဖြစ်ပါ၍ ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
Yay (Mon State) – Flood Disaster Relief Assistance – Music Festival
မြန်မာနိုင်ငံ မွန်ပြည်နယ် ရေးမြို့ ရေဘေးသင့်ပြည်သူများအား ကူညီနိုင်ရန်အတွက် ရန်ပုံတွေဂီတပွဲတော်
Myanmar Food Fair @ Girrawheen Mingalathukha Vihara
You and your family are invited to our Monthly Food Fair this coming Sunday from 9:30 am till 1 pm. Please pass on to your friends and family to come and support the monthly event in raising funds to sponsor and invite Sayadaws from Myanmar. We have Sayadaw Pannadipa residing at Mingala Thukha Vihara who is providing religious services, teaching Dhamma and Burmese language, etc. Also Beelin Taung Zun Sayadaw U Wi Thoteda is also at our monastery for the Rains Retreat. Thank you for your interest, considerationn, kind generosity and continued support!. We look forward to seeing you this Sunday. I would like to take this opportunity to wish you and your family good health and happiness. With metta… Mingala Thukha Vihara Team 76 Templeton Crescent, GIrrawheen
Burma Anglican Fundraising Music Concert
An evening of Myanmar concert performed by Tu Tu, Rebecca Win, Chan Myae Maung Cho, Sai Aung Htee Kham and Tha Zin with music by Metal Tick Band. This event is proudly presented by Burma Anglican Association of Western Australia (Inc) with all proceeds goes to Burma Anglican Church Funds. There will be a wide variety of delicious Myanmar food and refreshments available before and during the performance. Ticket Prices: $50/$35/$25 Location: 1 Vasto Place Balcatta WA. $50/$35/$25 Contacts for Ticket & Inquiry To purchase a ticket or any further information, please contact Harold Wemyss 0430 614 259, Alan Ba Than 0433 449 708 or Tun Win 0466 412 954 Date: 14 September 2019
Food Fair for Flood Disaster Relief Assistance @Tisarana Vihara
တိသရဏဝိဟာရဘုန်းတော်ကြီးကျောင်း၏လစဉ်ရံပုံငွေရှာဈေးရောင်းပွဲတော်ကို15.9. 19 , တနင်္ဂနွေနေ့တွင် 173, Albert Road , Muddle Swan ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး , ရရှိသောရောင်းရငွေအလှူငွေများကို မြန်မာနိုင်ငံရေဘေးကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးတွင်သုံးစွဲရန် ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းသို့ယခင်နှစ်ကကဲ့သို့ပေးပို့လှူဒါန်းမည်ဖြစ်ပါ၍ ကုသိုလ်လည်းရဝမ်းလည်းဝစေမည်ဖြစ်ပြီး ပါဝင်လှူဒါန်းရောင်းချမည့်အလှူရှင်များကိုလည်းဖိတ်ခေါ်အပ်ပါသည်။ ရောင်းချမည့်အစားအစာများမှာ မုန့်ဟင်းခါး , အသုတ်စုံ , တို့ဟူးသုတ်, နန်းကြီးသုတ် , အကြော်စုံ, ငှက်ပျောသီးကောက်ညှင်းထုပ်, မုန့်လင်မယား မုန့်ဖက်ထုပ်, ပဲပြုတ်, မုန့်အချိုများ, စသည်တို့ဖြစ်ပါသည်။ လ္ဘက်ရည်, ကော်ဖီတို့ကို အခမဲ့လှူဒါန်းပါမည်။ ကြွရောက်အားပေးကြပါရန်လေးစားစွာဖိတ်ကြားအပ် ပါသည်။ ကျေးဇူးတင်စွာဖြင့် တိသရဏအကျိုးတော်ဆောင်အဖွဲ့ ။
Myanmar Food Fair @Dhamma Cedi
ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား……ဓမ္မစေတီဘုန်းတော်ကြီးကျောင်း၏ လစဉ်ဈေးရောင်းပွဲတော်ကို ၂၀၁၉ ခု စက်တင်ဘာလ (၈) ရက် နေ့ နံနက်ပိုင်း ၁၀း ၃၀ နာရီ မှ နေ့လည် ၂း ၀၀ နာရီ ထိ ကျင်းပမည်ဖြစ်ပါသည်။ ဈေးရောင်းပွဲတွင် ဝယ်ယူအားပေးနိုင်မည့် အစားအစာများမှာ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ချဉ်ပေါင်ကြော်၊ ကြက်သားကြော်၊ ငရုပ်သီးကြော်၊ သင်္ဘောသီးထောင်း၊ ဝက်ကလီစာဟင်း၊ ဝက်ခေါင်းသုပ်၊ ဒံပေါက်၊ မုန့်ဖက်ထုပ်၊ ကော်ပြန့်ကြော်၊ စမူဆာကြော်၊ အီကြာကွေး၊ အကြော်စုံ နှင့် အချိုမုန့်မျိုးစုံအစရှိသည့် မြန်မာ့ရိုးရာအစားစာများကိုဝယ်ယူအားပေးသုံးဆောင်ခြင်းအားဖြင့် ကုသိုလ်ပြုနိုင်ကြပါကြောင်း လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
Myanmar Food Fair @ Girrawheen Mingalathukha Vihara
မြန်မာအစားအစာများ၊ မြန်မာရိုးရာမုန့်များ စုံလင်စွာရောင်းချပေးမည်ဖြစ်ပါ၍ ဈေးပွဲတော်ကြွရာက်အားပေးကြပါရန် ဖိတ်ကြားပါသည်။ August Food Fair invitation 18 August 2019 From 9am till 1 pm @76 Templeton Crescent, Girrawheen. Please bring your family and friends.
Paw Daw Mu Waso Robe offering Ceremony 2019
Queens Park ပေါ်တော်မူကျောင်းတိုက်၏ ဝါဆိုသင်္ကန်းကပ်လှူပွဲ။ နံနက်၁၁.၀၀နာရီ စုပေါင်းဆွမ်းကပ်၊ နံနက်၁၁.၃၀နာရီ မြန်မာထမင်းဟင်း၊ မုန့်မျိုးစုံတို့ဖြင့်ဧည့်ခံကျွေးမွေး။ ၁၂.၃၀ ဝါဆိုသင်္ကန်းကပ်၊ တရားနာယူကြမည်ဖြစ်ပါသည်။ ကြွရောက်ကုသိုလ်ယူကြပါရန် လှိုက်လှဲစွာဖိတ်ကြားအပ်ပါသည်။ 17 Aug 2019 from 11:00pm 33 Hartfield Street, Queens Park WA 6107

U Thawbita – Alinkar Kyal Dhamma Talks for Flood Disaster charity
ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)၏ ရေဘေး ရံပုံငွေ တရားပွဲများ ****** Aug.16.2019.ရက် သောကြာနေ့ ည(၇)နာရီအချိန်တွင် ဆရာတော်ဦးဣန္ဒက ၏ ဓမ္မိန္ဒာရာမကျောင်း တွင်လည်းကောင်း ၊ Aug.17.2019.ရက် စနေ နေ့ည (၇)နာရီအချိန်တွင် ဆရာတော်ဦးပညာစက္က ၏ မဇ္ဈိမရိပ်မြိုင်ကျောင်း တွင် လည်းကောင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည် ။
Dhammacedi Monthly Food Fair Aug 2019
ဓမ္မစေတီကျောင်းဈေးရောင်းပွဲတွင် မုန့်ဟင်းခါး၊ နန်းကြီးသုတ်၊ ချဉ်ပေါင်ကြော်၊ ကြက်သားကြော်၊ ငရုတ်သီးကြော်၊ သဘောင်္သီးထောင်း၊ ငါးဖယ်ဟင်း၊ ဝက်ကလီစာဟင်း၊ ဒံပေါက်၊ မုန့်ဖက်ထုတ်၊ ကော်ပြန့်ကြော်၊ စမူဆာကြော်၊ အီကြာကွေး၊ အကြော်စုံ၊ ပဲပြုတ် နှင့် အချိုမုန့်မျိုးစုံ စသည့် မြန်မာ့ရိုးရာအစားအစားများ ကို ဝယ်ယူအားပေးကုသိုလ်ပြုနိုင်ကြပါပြီ။ 53 Hemingway Drive Cammillo WA 6111 11 Aug 2019 (Sunday) 9am to 1pm
Mahabodhi Waso Robe Offering 2019
မဟာဗောဓိဘုန်းကြီးကျောင်း ဝါဆိုသင်္ကန်းကပ် အလှူ မင်္ဂလာ ဖိတ်ကြားလွှာ။ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၄)ရက်၊ တနင်္ဂနွေနေ့။ အနောက်သြစတြေးလျပြည်နယ် Perth မြို.ရှိ ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား!… မြန်မာသက္ကရာဇ် ၁၃၈၁၊ ဝါခေါင်လဆန်း (၄)ရက်၊ တနင်္ဂနွေနေ့ မှာ No (92) Girrawheen Ave Girrawheen ရှိ မဟာဗောဓိဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ် အလှူ မင်္ဂလာကို စုပေါင်း၍ ကျင်းပပြုလုပ်ပါမည်။ အလှူ ပွဲတွင် ဖခင်ကြီး ALBERT D’ GAMA + မိခင်ကြီး ဒေါ်ခင်ခင်ကြည် တို့အား ရည်စူး၍ သ္မီးများဖြစ်ကြသည့် ဒေါ်သိန်းသိန်းကြည်၊ VIOLET PERIES, JUDY BROWNE, APRIL D’ GAMA, JAM SMITH တို့က ဒံပေါက်ထမင်း ဖြင့်၎င်း၊ ဦးခိုင် + ဒေါ်ပပ မိသားစုများမှ အချို မုန့်မျိုးစုံများဖြင့်၎င်း ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြပါမည်။ သိုဖြင့်၍ အလှူ ပွဲအား ကြွရောက်ကာ အတူတကွ သံဃာတော်များအား နေ့ဆွမ်းများကပ်လှူ ပီး ပရိတ်တရားတော်နာ၊ ရေစက် သွန်ချ၊ ကုသိုလ်အမျှ ရယူနိုင်ကြပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ခင်မင်ရင်းနှီးစွာဖြင့်. မဟာဗောဓိဘုန်းကြီးကျောင်း ကျင်းပမည့်အစီအစဉ် Date :4 th of August 2019 ( Sunday ). Time : (09:00) AM to (2:00) PM. Venue : No.92 Girrawheen Ave, Girrawheen, WA6064. Contact : Ph; (08) 9247 2484. Email; mahabodhi.perth.wa@gmail.com ဝါဆိုသင်္ကန်းတစ်စုံ= $30. / ထီးတစ်လက် = $10. / ဖိနပ်တစ်ရံ = $10/ နှုန်းဖြင့် ဝယ်ယူ လှူ ဒန်းနိုင်ပါသည်..

Dhamma Thiri WASO Robe offering ceremony 2019
ဓမ္မသီရိရိပ်သာစုပေါင်းဝါဆိုသင်္ကန်းကပ်လှူ ပွဲဖိတ်ကြားလွှာ

မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ်၊ ဒံပေါက်၊ သင်္ဘောသီးသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုပ်၊ အချိုပွဲများ ကျောင်းရံပုံငွေအလှူအတွက် ရောင်းချပေးမည်ဖြစ်ပါသည်။ 28/07/2019 9am – 2pm 50 Butterworth Ave, Koondoola
Dhammacedi Monastery Wahso Robe Offering Ceremony
ဓမ္မစေတီ ထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ 2019 July 21 (Sunday) 9.30 AM 12.30 PM
Damindarama Waso Robe offering 2019
ဓမ္မိန္ဒာရာမကျောင်း (Koondoola) ဝါဆိုပွဲတော် နှင့် ဓမ္မစက္ကအခါတော်နေ့
Dhamma Courses @ Mahabodhi
မဟာဗောဓိကျောင်း ဓမ္မသင်တန်းများ မည်သူမဆိုကြွရောက်နာယူသင်ကြားနိုင်ပါကြောင်း။ ၁) အဘိဓမ္မာသင်တန်း၊ ၂) ဓမ္မစက္ကပဝတ္တနသုတ်၊ အနတ္တလက္ခဏသုတ်၊ မဟာသတိပဋ္ဌာနသုတ် ၃) စုပေါင်းပဋ္ဌာန်းဒေသနာရွတ်ဖတ်ခြင်းနှင့် ပဋ္ဌာန်းတရား
Mingalathukha Vihara Vasa Robe Offering Ceremony 2019
မင်္ဂလသုခဝိဟာရ စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲကို ဇူလိုင်လ ၁၄ရက်၊ ၂၀၁၉ ခုနှစ် တနင်္ဂနွေနေ့၌ ကျင်းပမည်ဖြစ်ပါကြောင်း ပါ့သ်မြို့နှင့် ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေများအား ကြွရောက်ကုသိုလ်ယူကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ မင်္ဂလသုခဝိဟာရတွင် သီတင်းသုံးတော်မူနေသည့် ဆရာတော်အရှင်ပညာဒီပ၊ သဇင်မြိုင်ဆရာတော်အရှင်ကုသလ တို့အပါအ၀င်သံဃာငါးပါးတို့အား ဝဿဝါသိက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြပါမည်။ အလှူရှင်များမှ ကြွရောက်လာကြသော ဧည့်သည်တော်များအား မြန်မာထမင်းဟင်းများ၊ အချိုပွဲများဖြင့် စုံလင်စွာဖြင့် ကျွေးမွေးဧည့်ခံမည်ဖြစ်ပါသည်။ စုပေါင်းသင်္ကန်းကပ်လှူချိန်အမှီ နံနက် ၉း၄၅ အရောက်ကြွရောက်နေရာယူပေးကြပါရန် လေးစားစွာဖြင့် နှိုးဆော်တိုက်တွန်းအပ်ပါသည်။ အစီအစဉ် နေ့ရက် ။ ။ ဇူလိုင်လ ၁၄ရက်၊ ၂၀၁၉ ခုနှစ် ၊ 19-July-2019 (Sunday) အစီအစဉ် ။ ။ နံနက် ၉း၀၀ နာရီ သင်္ကန်းပရိက္ခရာများ ဒါနကောင်တာတွင် ၀ယ်ယူနိုင်ပါသည်။ နံနက် ၁၀း၀၀ နာရီ စုပေါင်းသင်္ကန်းကပ်၊ တရားနာ၊ ရေစက်ချ အမျှပေးဝေချိန် နံနက် ၁၀း၄၅ နာရီ စုပေါင်းဆွမ်းလောင်းလှူခြင်း။ နံနက် ၁၁း၀၀ နာရီ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းကပ်ခြင်း နံနက် ၁၁း၃ဝ နာရီ ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်း နေရာ ။ ။ မင်္ဂလသုခဝိဟာရ 76, Templeton, Crescent, Girrawheen, WA 6064
Flood Rescue Charity Food Fair Perth
မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများကို ကူညီနိုင်ရန်အတွက် ရံပုံငွေရှာဈေးရောင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပြီး လက်ရှိရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော ဘီးလင်းမှ တောင်စွန်းဆရာတော် ဦးဝိသုဒ္ဓိ ထံ ဆက်ကပ်လှူဒါန်းပါမည်။ ၂၅.၈.၂၀၁၉ (တနင်္ဂနွေနေ့) နံနက် ၉.၀၀ နာရီမှ ၂.၀၀ နာရီ မင်္ဂလသုခဝိဟာရ 76 Templeton Crescent, Girrawheen
Kathina Ceremony @ Mahabodhi Monastery
မဟာဗောဓိကျောင်း စုပေါင်းကထိန်သင်္ကန်းကပ်လှူပွဲ၊ နံနက် ၉ နာရီမှစ၍ ကထိန်သင်္ကန်းကပ်၊ ၁၁ နာရီ စုပေါင်းဆွမ်းကပ်၊ မုန့်ဟင်းခါး၊ အကြော်စုံ၊ လဘက်ရည်တို့ဖြင့်ဧည့်ခံကျွေးမွေး၊ နေ့လည် ၁ နာရီ တရားနာ ရေစက်သွန်းချအမျှပေးဝေမည် မည်ဖြစ်သည်။

Mahabodhi Monthly Food Fair
လစဉ်ပထမအပတ် တနင်္ဂနွေနေ့တိုင်း ပုံမှန်ကျင်းပနေသည့် အမှတ် 92 Girrawheen Ave Girrawheen ရှိ မဟာဗောဓိ ဘုန်းကြီးကျောင်း၌ ရံပုံငွေရှာ ကုသိုလ်ပြု ဈေးရောင်းပွဲကို ဇူလိုင်လ ( ၇ ) ရက်နေ့၊ တနင်္ဂနွေနေ့တွင် အောက် ဖေါ်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဈေးရောင်းပွဲတွင် ဒံပေါက်၊ မုန့်ဟင်းခါး၊ အကြော်စုံ၊ အသုပ်စုံ၊ နန်းကြီးသုပ်၊တို့ဟူးသုပ်၊ပဲပြုတ်၊ ကောက်ညှင်းပေါင်း၊ မြန်မာဟင်းများနှင့် အခြားသော မြန်မာအစားစာများ ရောင်းချ ပေးမည်ဖြင့်ပါ၍ လာရောက်အားပေး ဒါနကုသိုလ် ယူကြပါရန်၊ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

မုန့်ဟင်းခါး၊ ကြေးအိုး၊ အုန်နို့ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ငါးပိချက်၊ ကြာဇံကြော်+ဝက်သားတုတ်ထိုး၊ ထိုင်းဝက်အူချောင်း၊ အသုတ်စုံ၊ ဝက်သားကောက်ညှင်း၊ အကြော်စုံ၊ ဒန်ပေါက်၊ ခေါပုတ်/ခေါပုတ်ကြော်၊ ရှောက်သီးသုတ်၊ ကြက်ကြော်၊ အုန်းထမင်း+အမဲ+ကြက်သားဟင်း၊ ရွှေရင်အေး၊ ငါးကင်၊ ငှက်ပျောကောက်ညှင်းထုတ်၊ မုန့်လက်ကောက်၊ ကြံရည်၊ ကြက်တောင်ပံကင် စသည်ဖြင့် အသင်းတော်အဆောက်အဦးရန်ပုံငွေ အတွက် ကျေးဇူးတော်ချီးမွမ်းလျှက် ပြင်ဆင်ရောင်းချပေးမည်ဖြစ်ပါ၍ ကြွရောက်ကြပါရန်ဖိတ်ကြားအပ်ပါသည်။ 22/06/2019 Saturday 2pm-6pm @ 200 Crimea Street, Noranda

Burmese Food Fair @ Mingalathukha Vihara
You are invited to come along to our Food Fair and enjoy a Variety of Delicious Burmese Food every Third Sunday of the Month. Date & Time: 16 June 2019 Sunday 9 am – 1pm Location: 76 Templeton Crescent, Girrawheen (opposite New Park Shopping centre for convenient parking) လစဉ် တတိယပါတ် တနင်္ဂနွေနေ့တိုင်း ပုံမှန်ကျင်းပလျှက်ရှိသည့် မင်္ဂလသုခဝိဟာရ၌ မြန်မာအစားအစာဈေးပွဲတော်ကို ၁၆.၆.၂၀၁၉ (တနင်္ဂနွေနေ့) နံနက် ၉း၀၀ နာရီ မှ နေ့လည် ၁း၀၀ နာရီ ထိ မင်္ဂလသုခဝိဟာရ 76 Templeton Crescent, Girrawheen တွင် ကျင်းပမည်ဖြစ်ပါသည်။ ကြွရောက် ဒါနပြုကုသိုလ်ယူ အားပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ New Park Shopping Centre ဝင်းအတွင်း ကားများ ရပ်နားနိုင်ပါသည်။

Tisarana Vihara Waso Robe Ceremony
တိသရဏဝိဟာရဘုန်ူတော်ကြီးကျောင်းဓမ္မစင်္ကြာအခါတော်နေ့နှင့်ဝါဆိုသင်္ကန်းကပ်လှူပွဲနေ့တွင် သံဃာတော် များ( ၁၀ပါး ခန့်) ဆွမ်းကပ်လှူပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား တိသရဏအကျိုးတော်ဆောင်အဖွဲ့နှင့်အခြားအလှူရှင်များမိသားစုများမှ ထမင်းဟင်း **( ဝက်သားဟင်း , **ငါးကြင်းကြော်နှပ် , **ကြက်သားအမွကြော်, **ပဲသီးစုံကုလားဟင်း, *မြိတ်ငါးပိထောင်းအစပ် , တို့စရာ** စသည် စားသောက်ဖွယ်ရာများ , **လ္ဘက်ရည် ကော်ဖီအအေး, မုန့်အချိုများဖြင့်ဧည့်ခံကျွေးမွေးပါမည်။ မြန်မာမုန့်အချိုများလည်း လှူဒါန်းနှိုင်ကြပါသည်။ {အလုပ်အကိုင်နေ့ 13.7.19 စနေနေ့တွင်လည်း လုပ်အားပေးများကိုဖိတ်ခေါ်အပ်ပါသည်။ }လုပ်အားဒါနရှင်များအား နေ့လည်စာ ထမင်း ဟင်း , ကြက်တောင်ပံကြော်တို့ကျွေးမွေး ပါမည်။ Date: 14/07/2019 9.30am to 1.30pm Location: 173 Albert Road Middleswan WA 6056

Myanmar food fete – Dhamaindarama (Koondoola Monestary)
Myanmar foodfete event of the last Sunday of every month @Koondoola Monestary (Dhamaindarama). Time: 9 am to 2 pm Place: 50 Butterworth Ave, Koondoola Date: 26/05/2019 Sunday

Kason Full Monday – Buddha Day @ Dhamma Cedi
ဓမ္မစေတီထေရဝါဒ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတော် ကဆုန်လပြည့် ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနား ဩစတြေးလျနိုင်ငံအနောက်ပိုင်း ပါသ်မြို့၊ ဓမ္မစေတီထေရဝါဒ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတော် ၌ သဒ္ဓါကြည်လင် စေတနာရှင်၊အလှူရှင်များ စုပေါင်း၍ ကျင်းပပြုလုပ်မည်ဖြစ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဗုဒ္ဓ မြတ်စွာဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိညောင်ပင်အား ဗောဓိပူဇာအဖြစ် ရေသွန်းလောင်း၍ ပူဇော်ကန်တော့ခြင်း အထိမ်းအမှတ် ကဆုန်ညောင်ရေသွန်းပွဲတော်ကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်ကုသိုလ်ယူနိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ကဆုန်လပြည့်နေ့၏ထူးခြားချက်များ – (ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ) (၁) ဘုရားအလောင်းတော် ရသေ့သုမေဓာ ဗျာဒိတ်တော်ခံယူတော်မူသောနေ့ (၂) ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူသောနေ့ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ မြတ်စွာဘုရားဖြစ်တော်မူသောနေ့ (၄) ဗုဒ္ဓဝင်အကျဉ်း ဟောကြားတော်မူသောနေ့ (၅) ဂေါတမမြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူသောနေ့ နေ့ရက်- သာသနာတော်နှစ် ၂၅၆၃ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၈၁ ကဆုန်လပြည့်နေ့၊ ခရစ်သက္ကရာဇ် ၂၀၁၉ မေလ ၁၈ ရက် စနေနေ့ အစီအစဉ် – နံနက် ၉:၀၀ မှစတင်၍ ဗောဓိညာင်ပင်အား ရေသွန်းလောင်းခြင်း – နံနက် ၁၀:၃၀ နာရီမှစတင်၍ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ဒံပေါက်ထမင်း/ဟင်း တို့ဖြင့် စတုဒီသာကျွေးမွေးခြင်း – နံနက် ၁၁:၀၀ နာရီတွင် ဓမ္မစေတီကျောင်း ဆရာတော်အား စုပေါင်းနေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း – နေ့လည် ၁၂:၀၀ နာရီ တိတိ တွင် ဓမ္မစေတီကျောင်းဆရာတော် ဦးပညာသာရ ထံမှဥပုသ်သီလဆောက်တည်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ တရားတော်နာယူခြင်း ကဆုန်ညောင်ရေသွန်းပွဲတော်သို့လာရောက်ကြမည့် စေတနာ့ရှင်များမှလည်း ဓမ္မစေတီတော် နှင့် ဘုန်းတော်ကြီးကျောင်း ဘက်စုံတိုးတက်ရေးအတွက်အလှူငွေ သဒ္ဒါတတ်အားနည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နှင့် အစားအသောက်ကုသိုလ်ပါဝင်လိုသူများသည် အောက်ဖေါ်ပြပါပုဂ္ဂိုလ်များကိုဆက်သွယ်လှူဒါန်းနိုင်ပါကြောင်အသိပေးအပ်ပါသည်။ ဦးပညာသာရ (ဓမ္မစေတီ) – 0415654262 ဦးဋ္ဌေးအောင် – 0452642242 ကိုအောင်ဆန်း – 0423855250

Visak Day this SATURDAY @Mingalathukha Vihara
Mingalar-bar! This coming Saturday the 18th of May 2019 is the full moon of Kason, Buddha Day (Vesak Day) which is the birth, enlightenment and death of Buddha. All Dhamma friends are cordially invited to celebrate this auspicious occasion as follows: Day: 18 May 2019 10:00am Paying homage to Buddha, and Sangha, taking Five precepts, chanting of the Paritta Sutta for protection, blessing and prosperity. Dhamma Talk by Sayadaw Panna Dipa who just arrived Australia on 17 May 2019 Sharing Merits and watering Bohdi Tree 11:00 Offering Dana to the monk and all attendee to enjoy “Kyar San Hnin Kharr” provided by Team members. Please bring your family and friends to this auspicious occasion and join us for Burmese lunch provided.. Watering the Bodhi tree can be done through out the day as convenient. You can also bring any traditional dishes and desserts that you would like to offer to the monk or to share with others. With metta Mingala Thukha Team 76 Templeton Crescent, Girrawheen

Haymar Naywin, Phyo Pyae Sone, Aung Htet, Myat Min (Keyboard) Perth Tour 2019
ဟေမာနေဝင်း၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ မြတ်မင်း (Keyboard) တို့မှ 11 May 2019 (စနေနေ့ည) Australia နိုင်ငံ Perth မြို့ Vasto Club, 1 Vasto Place, Balcatta တွင် တေးသီချင်းများဖြင့်ဖျော်ဖြေပါမည်။ ပွဲမစမီနှင့် ပွဲချိန်အတွင်း အစားအစာမျိုးစုံကိုလည်းရောင်းချပေးမည်ဖြစ်သည်။ လက်မှတ်များ ဝယ်ယူရန် အောက်ပါဖုံးနံပါတ်များတွင် ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ကြပါပြီ။ Kyaw Khin 0432 445 518 Tun Win 0466 412 954 Alan Ba Than 0433 449 708 ***ကရင်ပြည်နယ် ကမမောင်းမြို့ ကိုးနဝင်းကျောင်းအလှူငွေ အတွက် ကျင်းပခြင်းဖြစ်ပါသည်။***

ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား လစဉ်ပထမအပတ် တနင်္ဂနွေနေ့တိုင်း ပုံမှန်ကျင်းပနေသည့် အမှတ် 92 Girrawheen Ave Girrawheen ရှိ မဟာဗောဓိ ဘုန်းကြီးကျောင်း၌ ရံပုံငွေရှာ ကုသိုလ်ပြု ဈေးရောင်းပွဲကို မေလ ( ၅ ) ရက်နေ့၊ တနင်္ဂနွေနေ့တွင် အောက် ဖေါ်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဈေးရောင်းပွဲတွင် ဒံပေါက်၊ မုန့်ဟင်းခါး၊ အကြော်စုံ၊ အသုပ်စုံ၊ နန်းကြီးသုပ်၊တို့ဟူးသုပ်၊ပဲပြုတ်၊ ကောက်ညှင်းပေါင်း၊ မြန်မာဟင်းများနှင့် အခြားသော မြန်မာအစားစာများ ရောင်းချ ပေးမည်ဖြင့်ပါ၍ လာရောက်အားပေး ဒါနကုသိုလ် ယူကြပါရန်၊ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။