တိသရဏဘုန်းတော်ကြီးကျောင်း၌ စုပေါင်း မဟာဘုံကထိန်သင်္ကန်းကပ်လှူပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အတူတကွ တရားတော်နာ ကြွရောက်ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
We are inviting you to join our Katina Ceremony at our Tisarana Monastery. Katina Ceremony is a 2500 years old practice of offering robes and other necessities to Buddhist monks at the end of rain retreat each year.

နေ့ရက် – 22/10/2017 (Sunday)
အချိန် – 9:30 am to 2:00 pm
နေရာ – တိသရဏဝိဟာရ
173, Albert Rd, Middleswan WA 6056.

အစီအစဉ် (Programme)
– နံနက် ၁၁းဝဝ နာရီတွင် သံဃာတော်များအား စုပေါင်း နေ့ဆွမ်းကပ်ပါမည်။
(At morning 11:00am combined food offering to monks will take place.)
– နေ့လည် ၁၂း၃၀ နာရီတွင် ကထိန်သင်္ကန်းကပ်၊တရားနာယူပြီးရေစက်သွန်းချ အမျှဝေပါမည်။
(At 12:30 Robe offering, Dhamma Talk and sharing of good merits will take place.)
– နံနက် ၁၀းဝဝ နာရီမှ စ၍ ဦးချမ်းအေး-ဒေါ်မီးမီး- မိသားစုမှ- မြန်မာထမင်း၊ ဟင်း၊ မုန့်အချို လ္ဘက်ရည်၊ ကော်ဖီ၊ အအေး- စသည်တို့ဖြင့် ဧည့်ခံလှူဒါန်းပါမည်။
(From morning 10:00am onwards, Mr Chan Aye + Mrs Mee Mee Family will offer Food and Beverages to all visitors.)

– ကထိန်သင်္ကန်း လှူဒါန်းလိုသူများ အကျိုးဆောင်အဖွဲ့၌ ရယူလှူဒါန်းနိုင်ပါသည်။
(Robes for offering are available from Tisarana Vihara Committee at the premises.)

* မေတ္တာရပ်ခံအပ်ပါသည်။ ကားများကို လမ်းဘေးတွင် မရပ်ဘဲ ကျောင်းဝိုင်းအတွင်း စီစဉ်ပေးထား သော ကားရပ်ရန်နေရာများတွင်သာ စည်းကမ်းတကျ ရပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
(We have a very important request to all visitors- to park inside our premises only and NOT to park on road verge for safety of other road users and our neighbors.)

အကျိုးဆောင်အဖွဲ့၊ တိသရဏဝိဟာရ။
(Tisarana Vihara Committee)

Location: 173 Albert Rd, Middleswan WA 6056
Go on Top