ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား ဩစတြေးလျနိုင်ငံအနောက်ပိုင်း ပါသ်မြို့၊ ဓမ္မစေတီထေရဝါဒ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတော်ကြီး၏ နိုဝင်ဘာလ ရံပုံငွေရှာဖွေရေး အစားအသောက်ရောင်းချပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက် တနင်္ဂနွေ နံနက်ပိုင်းတွင် အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ ကြွရောက်အားပေးပြီး ရသာစုံ မြန်မာ့လက်ရာ စားသောက်ဖွယ်ရာများကို ဝယ်ယူသုံးဆောင် ခြင်းဖြင့်ကုသိုလ်ယူနိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ရောင်းချမည့် အစားအသောက်များ – မုန့်ဟင်းခါး၊ ကော်ပြန့်ကြော်၊ စမူဆာ၊ ဝက်ကလီစာ၊ ငါးခူချက်၊ ကြက်ကြော်၊ ကောက်ညှင်းပေါင်း၊ ချဉ်ပေါင်ကြော်၊ ဒံပေါက်၊ အကြော်စုံ၊ ပဲပြုတ်၊ မုန့်ဖက်ထုတ်၊ မန္တလေးပဲကြော်၊ လက်သုပ်စုံ၊ နန်းကြီးသုပ်၊ အီကြာကွေး တို့အပြင် အခြားမြန်မာ့ရိုးရာအစားအစာများ။

Location: 53 Hemingway Drive, Camillo, WA 6111
Go on Top