ဓမ္မဗျူဟာ ဆရာမကြီး ဒေါ်ခင်လှတင် (မဟာသဒ္ဓမ္မဇောတိကဓဇ) သည် သြစတေးလျနိုင်ငံ၊ ပါသ်မြို့တွင် အောက်ပါအတိုင်း ဓမ္မသင်တန်းများကို ကလေး လူငယ် လူရွယ် လူကြီးများအတွက် အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ မိရိုးဖလာဗုဒ္ဓဘာသာမှ ထေရ၀ါဒဗုဒ္ဓဘာသာသို့ သင်တန်း၊ ၃၈-ဖြာမင်္ဂလာနှင့် ဂုဏ်ပေါင်းဝေဆာ မြတ်ရတနာ တရားတော်များကို (၂) ရက်တာ သင်ကြားပို့ချမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ 23/9/2017 စနေနေ့ နှင့် 24/9/2017 တနင်္ဂနွေနေ့

နေ့စဉ် နေ့လည် ၁၂း၃၀ နာရီမှ ၂း၀၀ နာရီ၊

၂း၀၀ နာရီမှ ၂း၃၀ နာရီ ခေတ္တနား၊

၂း၃၀ နာရီမှ ၄း၀၀ နာရီ ထိ။

နေရာ။ ။ တိသရဏ၀ိဟာရ
173 Albert Rd, Middleswan WA 6056

သင်တန်းပို့ချရန် စာရွက်များကို မိတ္တူကူးရမည်ဖြစ်ပါသောကြောင့် အောက်ပါ ဖုံးနံပါတ်များသို့ ဆက်သွယ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ကိုဇောင်းခေါင်- 0430 440 871
မကေသွယ်လှ- 0430 162 205

Location: Tisarana Vihara 173 Albert Rd, Middleswan WA 6056