The Burmese Catholic Community of WA Inc ရဲ့ 18th Anniversary present အဖြစ်ကျင်းပမယ့် stage show ကို
နိုင်ငံကျော် တေးသံရှင်များဖြစ်ကြတဲ့ ဘိုဖြူ၊ ဆုန်သင်းပါရ်၊ အယ်ဒီ တို့နှင့်အတူ The Dreamers music band မှ
Phyo – guitar, Tom – Bass, Van – keyboard, Thar Nge – drums တို့က သီဆိုတီးခတ်ကြမှာဖြစ်ပါတယ်။ ဒီ stage show ကို
16.09.2017 ( စနေနေ့ ) ည 7:00 နာရီ မှ 12:00 နာရီအထိ Vasto Club, 1 Vasto Place, Balcatta, WA 6021
မှာကျင်းပပြုလုပ်မှာဖြစ်ပြီး လက်မှတ်ဈေးနှုံးများကိုတော့ သုံးမျိုးခွဲခြားထားတဲ့  VIP, $50,$35 လို့သတ်မှတ်ထားပါတယ်။
မြန်မာ စားသောက်ဖွယ်ရာများကိုလည်း ညနေ 5:00 နာရီမှ 7:00 အထိရောင်းချပေးမှာဖြစ်လို့ လာရောက်အားပေးကြဖို့ကိုလည်းအထူးပဲ ဖိတ်ခေါ်အပ်ပါတယ်။

Ref: https://www.facebook.com/chrisbdavidson

Location: 1 Vasto Place, Balcatta, WA 6021