Double Demerits

Double Demerits

သောကြာနေ့ 24 Dec 2021 (ယနေ့ည ၁၂ နာရီကျော်) မှစပြီး တနင်္ဂနွေ 9 Jan 2022 အထိ ၁၇ ရက်တာကာလအတွင်း Double Demerits အရေးယူမှုစတင်မည်ဖြစ်ပါ၍ ကားမောင်းလျှင် အထူးသတိဖြင့် မောင်းကြပါရန်။ ဥပမာ 40km area ဖြစ်နေမှန်းသတိမပြုမိပဲ 80km ကျော်မောင်းနေမိစဉ်တွင် အဖမ်းခံထိပါက သာမာန်အချိန်တွင် 7 demerit points ထိနိုင်ပြီး ယခုလိုအချိန်မျိုးတွင် ၎င်း၏ နှစ်ဆ 14 demerit points ထိမည်ဖြစ်သည်။ WA ၏ အများဆုံး demerit point မှာ 12 points ဖြစ်သောကြောင့် အခန့်မသင့်လျှင် ယာဉ်မောင်းလိုင်စင် ချက်ချင်းပြုတ်သွားနိုင်ပါသဖြင့် အထူးသတိထားမောင်းနှင်ကြပါရန် နှိုးဆော်လိုက်ရပါသည်။