Dhammasara Buddhist Nun Monastery

Dhammasara Buddhist Nun Monastery

Dhammasara Buddhist Nun Monastery ကို Buddhist Society of Western Australia မှ ၁၉၉၈ တွင် စတင်တည်ထောင်ခဲ့ပါသည်။ တောရကျောင်း၏ရည်ရွယ်ချက်မှာ အမျိုးသမီးများအနေဖြင့်လည်း နည်းလမ်းတကျရဟန်းပြုနိုင်ရန်၊
ဘိက္ခူနီပြုခြင်း၏ ရည်ရွယ်ချက် နှင့် မြင့်မြတ်သောဘ၀ ဓမ္မအနှစ်သာရ (Dhammasara) ကို သိရှိနားလည်လာစေရန်ရည်ရွယ်ပါသည်။
ဗုဒ္ဓသာသနာ တောရကျောင်းများ၏ အစဉ်အလာအတိုင်း Dhammasara မှ သံဃာများသည် သဘာဝတောတောင်ထဲတွင် တရားဘာဝနာများကျင့်ကြံအားထုတ်ကြပါသည်။
တောရကျောင်းသည် Perth မြို့၏ အရှေ့ဖက် ၁နာရီလောက်ကားမောင်းရသော Darling Range အရပ်တွင် မြေဧက ၅၈၃ အကျယ်ရှိသည့် ကျောက်တောင်စောင်းပေါ်တွင် စမ်းချောင်းငယ်လေးများအသွယ်သွယ် နှင့်တင့်တယ်စွာတည်ရှိသည်။
Jarrah နှင့် Wadoo စသည့် သစ်ပင်ဝါးပင်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ သဘာဝအတိုင်း ထူထပ်စွာပေါက်ရောက်လျှက်ရှိသည့် Native Australia Wildlife ဖြင့်ဝန်းရံလျှက်ရှိပါသည်။

ထေရ၀ါဒဗုဒ္ဓသာသနာတွင် Dhammasara ဘိက္ခူနီကျောင်း၏ တောရကျောင်းဖြစ်ခြင်း မှီခိုမှုကင်းစွာရှိနေခြင်း တို့သည် အလွန်ထူးခြားသောဝိသေသများဖြစ်နေပေလိမ့်မည်။ Dhammasara ဘိက္ခူနီကျောင်းမှ သံဃာများသည် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူများ အတွက် အရေးကြီးသည့်စံပြပုဂ္ဂိုလ်များဖြစ်နေပေလိမ့်မည်။
ကျောင်းကို နေ့စဉ် နံနက် ၁၀း၁၅ မှ နေ့လည် ၁း၀၀နာရီ အထိဖွင့်ပေးပါသည်။ ဒါယကာ၊ဒါယိကာများသည် နေ့စဉ်ဆွမ်းဟင်းကပ်ခြင်းနှင့် ဆွမ်းလောင်းလှုရန် နံနက် ၁၀း၃၀ တွင် လာရောက်လေ့ရှိကြပါသည်။
ထို့နောက် သရဏဂုံသုံးနှင့် ငါးပါးသီလကို ခံယူပြီး၊ ၀ါစဉ်ကြီးသော ဘိက္ခူနီတစ်ပါးမှ တရားတိုတစ်ပုဒ်ချီးမြှင့်ပေးလေ့ရှိပါသည်။ ဗုဒ္ဓဘာသာဝင်များရော အခြားဘာသာဝင်များပါ မည်သူမဆိုလာရောက်နိုင်ပါသည်။

အမျိုးသမီးများအနေဖြင့် ကျောင်းနှင့်ပတ်သတ်၍ ပိုမိုသိရှိလိုပါလျှင်သော်လည်းကောင်း၊ တရားအားထုတ်နေထိုင်ရန်အတွက် စုံစမ်းလိုပါလျှင်သော်လည်းကောင်း အောက်ပါလိပ်စာအတိုင်း မေးမြန်းစုံစမ်းနိုင်ပါသည်။
Dhammasara Nuns’ Monastery
203 Reen Rd, Gidgegannup WA 6083
(08) 9574 6583
http://dhammasara.org.au
Ref# Dhammasara Buddhist Nuns Monastery Flyer

Leave a Reply

Your email address will not be published. Required fields are marked