ဩစတေးလျနေထိုင်သူများ ဘယ်အချိန်မှာ ကာကွယ်ဆေးထိုးနိုင်မလဲ

ကာကွယ်ဆေးကို အကန့်အသတ်နဲ့သာ ရရှိမှာဖြစ်လို့ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်ကစပြီး ပထမဆုံး ဦးစားပေးရမယ့် လူတွေကို အရင်ဆုံး ထိုးပေးမှာ ဖြစ်ပါတယ်။
ပထမအဆင့် – Pfizer/BioNTech ကာကွယ်ဆေးအမျိုးအစားကို ကွာရန်တင်းစင်တာလုပ်သား၊ နယ်စပ်ရေးရာလုပ်သား၊ ရှေ့တန်းက ကျန်းမာရေးလုပ်သားတွေ၊ သက်ကြီးနဲ့ မသန်စွမ်းသူ စောင့်ရှောက်ရေးဌာနမှာ နေထိုင်သူတွေနဲ့ အဲဒီက အမှုထမ်းတွေကို ဦးစားပေး ထိုးပေးမှာ ဖြစ်ပါတယ်။
ဒုတိယအဆင့် – Pfizer/BioNTech ကာကွယ်ဆေး အမျိုးအစားကို အသက် ၇၀ ကျော် သက်ကြီးတွေနဲ့ တခြား ကျန်းမာရေးလုပ်သားတွေ၊ အသက် ၅၅ နှစ်ကျော် ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander တွေနဲ့ မသန်စွမ်းမှုအပြင် တခြား ရောဂါ အခံရှိတဲ့ လူတွေကို ဦးစားပေးမှာဖြစ်သလို ရောဂါကူးစက်နိုင်ခြေများတဲ့ လူတွေလို့ သတ်မှတ်တဲ့ ရဲတွေ၊ မီးသတ်သမားတွေ၊ စစ်သားတွေ၊ အရေးပေါ်ဌာနက လူတွေနဲ့ အသားထုတ်လုပ်ရေးမှာ လုပ်ကိုင်သူတွေကို ဦးစားပေး ထိုးပေးမှာ ဖြစ်ပါတယ်။
တတိယအဆင့် – AstraZeneca နဲ့ Novavax ကာကွယ်ဆေးအမျိုးအစားတွေကို အသက် ၅၀ ကျော် သူတွေ၊ အသက် ၁၈ နှစ်ကျော်သူ ဌာနေတိုင်းရင်းသား Aboriginal နဲ့ Torres Strait Islander တွေအပြင် တခြား မရှိမဖြစ် လိုအပ်တဲ့ လုပ်သားတွေနဲ့ ကူးစက်နိုင်ခြေ များတဲ့ တခြားလုပ်သားတွေကို ဦးစားပေး ထိုးပေးမှာ ဖြစ်ပါတယ်။
စတုတ္ထအဆင့် – ဒီအဆင့်မှာတော့ AstraZeneca နဲ့ Novavax ကာကွယ်ဆေးတွေကို အသက် ၁၈ နှစ်အထက် ရှိသူတွေအပြင် အရင်အဆင့်တွေတုန်းက မထိုးရသေးတဲ့ လူတွေကို ထိုးပေးတဲ့အဆင့် ဖြစ်ပါတယ်။
ပဥ္စမအဆင့် – AstraZeneca နဲ့ Novavax ကာကွယ်ဆေးတွေကို ကျန်းမာရေးပညာရှင်တွေကသာ အသက် ၁၈ နှစ်အောက် ရှိသူတွေကိုလည်း ထိုးပေးသင့်တယ်လို့ ပြောလာရင် ထိုးပေးမယ့် အဆင့် ဖြစ်ပါတယ်။

Soucre # SBS Burmese