Dhammasara Buddhist Nun Monastery

Dhammasara Buddhist Nun Monastery ကို Buddhist Society of Western Australia မှ ၁၉၉၈ တွင် စတင်တည်ထောင်ခဲ့ပါသည်။ တောရကျောင်း၏ရည်ရွယ်ချက်မှာ အမျိုးသမီးများအနေဖြင့်လည်း နည်းလမ်းတကျရဟန်းပြုနိုင်ရန်၊ ဘိက္ခူနီပြုခြင်း၏ ရည်ရွယ်ချက် နှင့် မြင့်မြတ်သောဘ၀ ဓမ္မအနှစ်သာရ (Dhammasara) ကို သိရှိနားလည်လာစေရန်ရည်ရွယ်ပါသည်။ ဗုဒ္ဓသာသနာ တောရကျောင်းများ၏ အစဉ်အလာအတိုင်း Dhammasara မှ သံဃာများသည် သဘာဝတောတောင်ထဲတွင် တရားဘာဝနာများကျင့်ကြံအားထုတ်ကြပါသည်။ တောရကျောင်းသည် Perth မြို့၏ အရှေ့ဖက် ၁နာရီလောက်ကားမောင်းရသော Darling Range အရပ်တွင် မြေဧက ၅၈၃ အကျယ်ရှိသည့် ကျောက်တောင်စောင်းပေါ်တွင် စမ်းချောင်းငယ်လေးများအသွယ်သွယ် နှင့်တင့်တယ်စွာတည်ရှိသည်။ Jarrah နှင့် Wadoo စသည့် သစ်ပင်ဝါးပင်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ သဘာဝအတိုင်း ထူထပ်စွာပေါက်ရောက်လျှက်ရှိသည့် […]

Chittering ဘုရားကြီးသမိုင်း

၉၀ ပြည့်လွန်နှစ်များက ဆရာတော်ယွမ်ဖန်ဟာ Pulau Ubin ကျွန်းကနေထွက်ခွာချိန်မှာ ကျွန်းမကြီးဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာသာသနာပြုဖို့ မိမိရဲ့ဆရာ ဆရာတော်ကြီးကိုယ်စား ကြီးမားတဲ့ သကျမုနိဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူတည်ရန် အကြံဖြစ်တယ်။ ၁၉၉၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ဆင်းတုတော်ကြီးအတွက် သင့်လျှော်တဲ့ ကျောက်သား ရှာဖွေဖို့နဲ့ ၁၄ ပေရှည်လျားတဲ့ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်၊ ဥာဏ်တော် ၉ ပေမြင့်သော အလတ်စားဗုဒ္ဓရုပ်ပွားတော် သုံးဆူ နှင့် ဗုဒ္ဓရုပ်ပွားတော်အငယ်စား အဆူပေါင်း ၃၀၀၀ တို့ကို ထုလုပ်ဖို့ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် ကြွရောက်ခဲ့တယ်။ ၁၉၉၅ မှာ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးမှလွဲလို့ ကျန်ရုပ်ပွားတော်များကို ရက်ပေါင်းလပေါင်းများစွာ စင်္ကာပူနိုင်ငံသို့ တဖြည်းဖြည်းချင်း အကြိမ်ကြိမ်အလီလီခွဲပြီး ပင့်ဆောင်နိုင်ခဲ့ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ကြီး ထုလုပ်တဲ့ကာလတလျှောက်မှာ ဆရာတော့်အနေဖြင့်အခက်အခဲမျိုးစုံ တွေ့ကြုံခဲ့ရပါတယ်။ သုံးကြိမ်တိတိ ကတိချိုးဖောက်မှုခံရတယ်။ ပထမအကြိမ် ၁၉၉၆ […]