၁၂ လကြာအလုပ်ဆင်းပြီးလျှင် Casual Workers များအားအမြဲတမ်းအလုပ်ခန့်အပ်ရမည့် လုပ်ငန်းခွင်ဥပဒေဆိုင်ရာ အဓိကအပြောင်းအလဲ

သြစတြေးလျရဲ့ Casual Workers များအတွက် ကြီးမားသည့်အောင်ပွဲတစ်ခုဖြစ်ပါမယ်။ တူညီသောအလုပ်ရှင်နှင့်တစ်နှစ်အလုပ်လုပ်ပြီး ခြောက်လပုံမှန် အလုပ်ဆင်းခဲ့ကြသောအလုပ်သမားများအား လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေအသစ် အရ Permanent (အမြဲတမ်းဝန်ထမ်း) နေရာတစ်ခုပေးရမည်ဟုဆိုသည်။ ဖက်ဒရယ်အစိုးရသည် ရေရှည် Casual Workers များကို Permanent Part-time/ Full-time ရာထူးများသို့ပြောင်းရွှေ့ရေး ပိုမိုလွယ်ကူစေရန်ဥပဒေကြမ်းကိုယခုအပတ်တွင် မိတ်ဆက်မည်။ ဩစတြေးလျတွင် Casual Worker ပေါင်း ၂.၆ သန်းခန့်ရှိပြီး ၁.၃၅ သန်းသည် ၄င်းတို့၏အလုပ်ရှင်အတွက် ၁၂ လနှင့်အထက်ပုံမှန် အလုပ်ဆင်းပေးနေခဲ့ကြသူများဖြစ်သည်။ အလုပ်ရှင်များဖက်မှလူလည်ကျမှုများရှိနေသလို အချို့ Causal Work များဖက်မှလည်း double-dipping ကိစ္စများလည်းရှိနေသည်ဟုဆိုသည်။ Casual Worker အဓိပ္ပာယ်ဖွင့်ဆိုချက်သတ်သတ်မှတ်မှတ်မရှိသောကြောင့် အချို့အလုပ်ရှင်များက ဖျားနာခွင့်နှင့်အခြားခွင့်အတွက်နှစ်မျိုးစလုံးအတွက် ပေးနေရသည့်အပြင် 25 per cent casual loading […]

ဩစတေးလျကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာဘာသာဖြင့် ထုတ်ပြန်ထားသည့် COVIDSafe app ၏ Privacy policy အကြောင်း အသေးစိတ်

COVIDSafe app (ကိုဗစ်ဒ် ဆေးဖ် အက်ပ်) အတွက် ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒ။ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို မည်ကဲ့သို့ စီမံခန့်ခွဲသည်ကို ဖော်ထုတ်သိရှိပါ။ ဤစာမျက်နှာတွင် အောက်ပါတို့ကို သိရှိနိုင်ပါသည်။ • မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကောက်ယူလိမ့်မည်နည်းနှင့် အဘယ်ကြောင့် ကောက်ယူနေရသနည်း။ • ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်ကဲ့သို့ ကောက်ယူလိမ့်မည်နည်း။ • ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်ကဲ့သို့ သိမ်းဆည်းထားမည်နည်း။ • ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်ကဲ့သို့ အသုံးပြု၍ မည်ကဲ့သို့ ထုတ်ဖော်ပြမည်နည်း။ • ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖျက်နိုင်မည်လား။ • ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုသူက ပြင်နိုင်မည်လား သို့မဟုတ် ရယူအသုံးပြုနိုင်မည်လား။ • ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုနှင့် ပတ်သက်၍ နောက်ထပ်သိကောင်းစရာ သတင်းအချက်အလက်များ။ ကျွနု်ပ်တို့အား ဆက်သွယ်ပါ။ COVIDSafe […]

Welshpool tyre recycling facility မီးလောင်

ယနေ့မနက် ၃.၃၀နာရီ မတိုင်မီက Welshpool ရပ်ကွက် Fargo Way ရှိ tyre recycling facility ဂိုဒေါင်ကြီးတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီးမီတာ ၂၀ အထူရှိသော အနက်ရောင်မီးခိုးများကို လေထဲသို့ ဖုံးလွှမ်းသွားခဲ့သည်။ မျက်မြင်သက်သေများက 7News Perth သို့ပြောကြားရာတွင်မီးမပေါက်မီပေါက်ကွဲမှုငါးခုကိုကြားသိခဲ့ရသည် ဟုဆိုသည်။ မီးသတ်သမားများသည် Welshpool ရှိ tyre recycling facility စက်ရုံတွင် အကြီးအကျယ်မီးတောက်လောင်နေသောနေရာတွင်ရှိနေခဲ့ပြီး အနီးအနားရှိအဆောက်အ ဦး များသို့မီးလောင်ကျွမ်းခြင်းကိုတားဆီးရန် ကြိုးပမ်းလုပ်ဆောင်နေကြသည်။ Fargo Way နှင့် Felspar လမ်းများပိတ်ထားပြီးမီးလောင်ကျွမ်းနေသောလူများကိုမီးခိုးနှင့်ဝေးဝေးနေရန်ပြောနေကြသည်။ မီးလောင်ရသည့်အကြောင်းရင်းကိုမသိရသေးသော်လည်းမီးသတ်နှင့်အရေးပေါ်ဝန်ဆောင်မှုများဌာနမှအန္တရာယ်ရှိသောပစ္စည်းများစုံစမ်းစစ်ဆေးရေးအဖွဲ့၀င်များသည်ယနေ့နံနက်တွင်အခင်းဖြစ်ပွားရာသို့ရောက်ရှိလာမည်ဖြစ်သည်။ Source# https://www.perthnow.com.au/news/disaster-and-emergency/fire-at-welshpool-tyre-recycling-facility-sends-black-smoke-into-the-morning-air-ng-b881739006z

COVID-19 ကာကွယ်ဆေးကို ဩစတြေးလျတွင် ၂၀၂၁ မတ်လတွင်ဖြန့်ဝေသွားမည် ဟုကျန်းမာရေး၀န်ကြီးပြောကြား

သြစတြေးလျသည် ၂၀၂၁ ခုနှစ်အစောပိုင်းတွင်ပထမဆုံး COVID-19 ကာကွယ်ဆေးကိုလက်ခံရရှိလိမ့်မည်ဟုနိုင်ငံကျန်းမာရေးဝန်ကြီး Greg Hunt ကပြောကြားခဲ့သည်။ ကျန်းမာရေး၀န်ကြီး Greg Hunt မှ သြစတြေးလျအနေဖြင့် မတ်လတွင် ပထမဆုံးကာကွယ်ဆေးကို စတင် ဖြန့်ဝေသွားမည်ဟု ယနေ့ ကြာသပတေးနေ့တွင် သတင်းမီဒီယာများသို့ပြောကြားခဲ့သည်။ ၎င်းတို့ကိုကျန်းမာရေးဝန်ထမ်းများနှင့်သက်ကြီးရွယ်အိုစောင့်ရှောက်သူများအတွက်ဖြန့်ဝေမည်ဖြစ်သည်။ ၀န်ကြီးချုပ် Morrison ကသြစတြေးလျနိုင်ငံသားတွေကိုစိတ်ချရအောင်၊ အစိုးရဌာနများကကျယ်ပြန့်စွာအသုံးပြုရန်သင့်တော်တယ်လို့ယူဆရင် ကျွန်တော်တို့ရဲ့ပထမဆုံး ဦး စားပေးကတော့လုံခြုံစိတ်ချရဖို့ပါ ဟု ပြောကြားခဲ့သည်။ ကျွန်တော်တို့ဟာတိုင်းပြည်တစ်နိုင်ငံအနေနဲ့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုလွယ်လွယ်ကူကူဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုသြစတြေးလျလူမျိုးတွေကသိကြပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံတွေရင်ဆိုင်နေရတဲ့ဖိအားတွေကိုအစိုးရတွေနဲ့ရင်ဆိုင်ဖြေရှင်းပြီးချိန်ခွင်လျှာညီအောင်ကြိုးစားဖို့မျှော်လင့်နေကြတယ်။ ဗြိတိန်နိုင်ငံသည် Pfizer-BioNTech ၏ COVID-19 ကာကွယ်ဆေးကိုဗုဒ္ဓဟူးနေ့တွင်အတည်ပြုခဲ့သည်။ သမိုင်းတွင်အရေးအကြီးဆုံးအစုလိုက်အပြုံလိုက်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကိုကျယ်ပြန့်စွာလက်တွေ့စမ်းသပ်မှုများပြုလုပ်ပြီးစမ်းသပ်ခြင်းဖြင့်စတင်ခဲ့သည်။ ဗြိတိန်၏ဆေးဝါးများနှင့်ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များစည်းမျဉ်းဥပဒေအေဂျင်စီ (MHRA) သည် Pfizer တီထွင်သည့်ကာကွယ်ဆေးအားအရေးပေါ်အသုံးပြုခွင့်အတည်ပြုချက်ပေးပြီး ၂၃ ရက်အကြာတွင် Pfizer သည်၎င်း၏နောက်ဆုံးအဆင့်လက်တွေ့စမ်းသပ်မှုမှပထမဆုံးအချက်အလက်များထုတ်ပြန်ခဲ့သည်။ သြစတြေးလျ  AstraZeneca ကာကွယ်ဆေး အလုံးရေ သန်း ၃၀၊  Nova ကာကွယ်ဆေး၏ […]

Queensland ပြည်နယ်၊ Brisbane မြို့တွင် မဲရုံဖွင့်လှစ်မည့်ကိစ္စ အသိပေးကြေညာချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးသူများ အဆင်ပြေစေရန် Queensland ပြည်နယ်၊ Brisbane မြို့  Jetavana Myanmar Monastery တွင် မဲရုံဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။ Melbourne မြို့တွင်လည်း မဲရုံဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ခွင့်ပြုမိန့်စောင့်ဆိုင်းလျှက်ရှိကြောင်း ၂၀၂၀ အောက်တိုဘာလ ၈ရက်နေ့ ယနေ့ရက်စွဲဖြင့် ကင်ဘာရာမြို့မြန်မာသံရုံးမှ တရားဝင်ထုတ်ပြန်ထားသည်။

ဒေါ်လာ ၇၅၀ ထောက်ပံ့ကြေး ဒီကနေ့ကစပြီး ထပ်ရကြမယ်

အရင်နှစ် ဘဏ္ဍာရေးနှစ်အတွက် အစိုးရကနေ ဒေါ်လာ ၇၅၀ ကို လွန်ခဲ့လပိုင်းတုန်းက ထည့်ပေးခဲ့ပြီးနောက် အခုအခါမှာ ဒုတိယအကြိမ်အဖြစ် နောက်ထပ် ဒေါ်လာ ၇၅၀ စတင်ထည့်ပေးနေတာ ဖြစ်ပါတယ်။ အဆိုပါ ထောက်ပံ့ကြေးကို ဝင်ငွေနည်းသူတွေလို့ အစိုးရက သတ်မှတ်ထားတဲ့ အလုပ်လက်မဲ့ဖြစ်သူတွေ၊ မသန်စွမ်း ထောက်ပံ့ကြေးရရှိသူတွေ၊ သက်ကြီးတွေနဲ့ မသန်စွမ်းသူတွေကို ပြုစုစောင့်ရှောက်တဲ့ carer တွေ၊ ပင်စင်စားသမား စတဲ့လူတွေအတွက် ချမှတ်ပေးတာ ဖြစ်ပါတယ်။ အရင်တစ်ခါလိုပဲ ဘာလျှောက်လွှာမှ တင်စရာမလိုပဲ အလိုအလျောက် မိမိရဲ့ ဘဏ်အကောင့်ထဲကို ထည့်ပေးမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်နေကြပြီး လူတွေ သုံးစရာရှိအောင်၊ စီးပွားရေးတွေလည်း လည်ပတ်နိုင်အောင် အစိုးရက အခုလို ဒေါ်လာ ၁၅၀၀ အထိပေးတဲ့ Economic Support Payment […]

၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးထုတ်ပြန်ချက်

လာမည့် ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဩစတေးလျရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကင်ဘာရာ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ချက် ဖြစ်ပါသည်။ ပုံစံ ၁၅ စာရွက်ကို သံရုံး website www.mecanberra.com.au သံရုံး facebook page https://www.facebook.com/1027356784042268/posts/2942019479242646 https://uec.gov.mm နှင့် https://www.mofa.gov.mm တို့မှာ download ယူလို့ရပါတယ်။

MSCWA Emergency Relief

ဩစတေးလျနိုင်ငံ၊ ပါ့သ်မြို့ရောက်ရှိနေကြသော ယာယီသြဇီဗီဇာကိုင်ဆောင်ထားသူများအတွက် သတင်းကောင်း။ Western Australia တွင် ပညာသင်ကြား နေကြသည့် မြန်မာကျောင်းသားများ နှင့် အလည် / အလုပ်အကိုင် ယာယီဗီဇာ ကိုင်ဆောင်ထားသူများအတွက် ကိုရိုနာဗိုင်းရပ်စ် ကာလနှင့်ဆက်စပ်၍ မိမိတို့၏ အိမ်လခများ ပုံမှန်မပေးဆောင်နိုင်ခြင်း၊ ငွေကြေးအခက်အခဲ ကြုံနေ ခြင်းများအတွက် အရေးပေါ်ငွေကြေး အကူအညီများလိုအပ်နေ ပါလျှင် Multicultural Service Centre (MSCWA website) တွင် အကူအညီလိုအပ် သည့်အကြောင်းရင်းကို Form ဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။ Please pass this message to our international students and temporary visa holders from Burma as MSC will […]

ဖြေလျှော့ပေးဖို့ရှိချိန် မဲလ်ဘုန်း အသားရုံ ၄၉ ဦး ကူးစက်

ကန့်သတ်မှုတွေ ဖြေလျှော့ပေးဖို့ရှိချိန်မှာ အသားရုံမှာ ကူးစက်မှုများလို့ စိုးရိမ်ကြ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ သိသိသာသာ လျော့ကျလာလို့ ကန့်သတ်ချုပ်ချယ်မှုတွေကို လျှော့ချပေးမယ့်အနေအထား ရှိချိန်မှာပဲ ဗစ်တိုးရီးယား ပြည်နယ်က အသားစက်ရုံတစ်ခုမှာ လူ ၄၉ ဦး ကူးစက်ခံရမှု ဖြစ်တဲ့အတွက် စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။ မဲလ်ဘုန်းမြို့ Brooklyn ရပ်ကွက်က Cedar Meats အသားစက်ရုံမှာ လူ ၄၉ ဦး ကူးစက်ခံရသလို အဲဒီ စက်ရုံက လူတစ်ဦးနဲ့ ထိတွေ့ဆက်ဆံဖူးသူ Footscray ရပ်ကွက်က Doutta Galla Aged Care မှာ အလုပ်လုပ်တဲ့ ကျန်းမာရေးလုပ်သား တစ်ဦးလည်း ကူးစက်ခံနေရပါတယ်။ ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ မြို့ငယ်လေး တစ်မြို့က သက်ကြီးစောင့်ရှောက်ရေး စင်တာမှာလည်း ရောဂါကူးစက်ခံရသူ တစ်ဦးရှိလို့ […]

Australia COVIDSafe app ကို ဒေါင်းလုဒ် လုပ်သူ ၂ သန်းနီးပါးရှိပြီ

သြစတြေးလျ အစိုးရက ကိုဗစ်-၁၉ ကို ကောင်းမွန်စွာ ခြေရာခံနိုင်ဖို့အတွက် ရည်ရွယ်ပြီး COVIDSafe app ကို အများပြည်သူ ဒေါင်းလုဒ် လုပ်ဖို့ တနင်္ဂနွေမှာ စတင်လိုက်ပြီး တစ်ရက်အတွင်းမှာ လူပေါင်း ၂ သန်းနီးပါး ဒေါင်းလုဒ် လုပ်ထားကြတယ်လို့ အစိုးရက ပြောပါတယ်။ COVID-19 ရောဂါကို ခြေရာခံပေးတဲ့ app ဟာ မိမိအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ရှိတဲ့လူနား ရောက်နေတဲ့အခါ ဖုန်းထဲက bluetooth ကနေတဆင့် အသိပေးတပ်လှန့်ပေးနိုင်တဲ့ app ဖြစ်ပါတယ်။ တနင်္ဂနွေညမှာ လူအများ ဒေါင်းလုဒ် လုပ်လို့ရအောင် စတင်လုပ်ပေးချိန်ကနေ တနင်္လာနေ့ ညနေ ၄ နာရီလောက်အထိ လူပေါင်း ၁.၈၉ သန်းက ဒေါင်းလုဒ် လုပ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို […]