PM announces new rules for schools

ဝန်ကြီးချုပ် Scott Morrison မှ မိမိတို့ ကလေးငယ်များ ဘေးကင်းလုံခြုံရေးအတွက် မိဘများအနေဖြင့်ကျောင်းမပို့လိုသည့်ဆန္ဒရှိပါလျှင် အိမ်မှာပဲ ထားနိုင်ပါကြောင်း ဩစတေးလျတဝှမ်းရှိ မိဘများကိုပြောကြားလိုက်သည်။ သို့သော် ကျောင်းပို့လိုသည့်မိဘများအတွက်လည်း စာသင်ခန်းများကို ယခု Term စာသင်ကာလ ကုန်ဆုံးသည့်ကာလအထိ ဖွင့်ထားမည်ဖြစ်သည်။ Easter Holidays ကျောင်းပိတ်ရက်များပြီးလျှင်လည်း ၎င်းကာလနောက်ဆုံးအခြေအနေအပေါ်မူတည်၍ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ အကြံပေးချက်အတိုင်း ပြန်ဖွင့်ဖို့ မဖွင့်ဖို့ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယခုည တိုင်းပြည်သို့ပြောကြားသည့် မိန့်ခွန်းတွင်ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်က ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုရပ်တန့်ရန် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါကကျောင်းများအားတစ်နှစ်လုံးပိတ်ထားနိုင်သည်ဟုသတိပေးသည်။ ကျောင်းပိတ်ရက်ဆိုပေမည့် ရိုးရိုးကျောင်းပိတ်ရက်မဟုတ်ကြောင်း၊ သို့ပါ၍ ဘယ်နေရာကိုမှ အလည်အပတ်ခရီးမသွားကြပါဖို့၊ မည်သည့် စုရုံးခြင်းမှမလုပ်ကြဖို့လိုသည် ဝန်ကြီးချုပ်က အထူးပြောကြားသည်။ Source# https://7news.com.au/lifestyle/health-wellbeing/prime-minister-announces-new-rules-for-schools-amid-covid-crisis-c-757176

WA Coronavirus Updates

ယနေ့နောက်ဆုံးသတင်းများအရ Western Australia တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိမှု ၁၂၀ ဦးရှိပြီ။ ဩစတေးလျတဝှမ်း ပိုးတွေ့သူ ၁၂၆၉ ဦး၊ တစ်ရက်တည်း ၃၉၅ ဦးတိုး။ ဩစတေးလျတဝှမ်း ဗိုင်းရပ်စ်ကြောင့် သေးဆုံးသူ ၇ ဦး။ WA ပြည်နယ် နယ်စပ်များပိတ်ပြီ။ Rottnest Island ကို quarantine zone ဖြစ်ဖို့ရှိ မိသားစုအတွင်း ကိုရိုနာဗိုင်းရပ်စ် ရှိသည်ဟု သံသယရှိလျှင် GP ထံဖုံးပဲဆက်ပါ (မသွားပါနှင့်) (သို့မဟုတ်) Coronavirus Health Information Hotline ဖုံးနံပါတ် 1800 020 080 ကိုဆက်သွယ်ပါရန်။ Source# Mark McGowan Tweets, WA Today https://www.watoday.com.au/national/western-australia/wa-coronavirus-live-state-s-confirmed-cases-to-rise-above-100-as-hospitals-prepare-20200321-p54ckn.html

WA coronavirus LIVE updates

WA တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိမှု နေ့ချင်းညချင်း ၂၆ ယောက်ထပ်တိုး။ WA တွင် ပိုးတွေ့သူ လူပေါင်း ၉၀ ဖြစ်သွား။ သြစတြေးလျနိုင်ငံတစ်ဝှမ်းလုံးတွင်ရောဂါဖြစ်ပွားသူ ၁၀၄၉ ဦး ရှိ။ တစ်ကမ္ဘာလုံးအတိုင်းအတာအရလူပေါင်း ၂၀၉၀၀၀ ကျော်သည် COVID-19 ကူးစက်ခံခဲ့ရ။ လူပေါင်း ၈၆၀၀၀ ကျော်သည်ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက်ပြန်လည်ကောင်းမွန်လာခဲ့။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၀၀၀ ကျော်ရှိ။ Source# WA Today (https://www.watoday.com.au/national/western-australia/wa-coronavirus-live-popular-science-hub-forced-to-close-as-visitors-dwindle-20200320-p54cfp.html)

Big 4 Aussie Banks offer a pause on mortgage repayment

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း ဩစတေးလျ၏ ဘဏ်ကြီးလေးခု ဖြစ်သော NAB, Commonwealth, ANZ နှင့် Westpac တို့သည် အိမ်ကြွေး ရှိနေသူ များအနေဖြင့် mortgage repayment ကြွေးဆပ်ခြင်းများကို အနည်းဆုံး ၆လခန့် ခေတ္တရပ်နားပေးမည်ဟု 7 News တွင်ရေးသားဖော်ပြထားသည်။ စီးပွားရေးလုပ်ငန်း Small Business များမှ ဘဏ်ချေးငွေအတွက် Loan Repayment ပြန်ဆပ်ရမှုများကိုလည်း ဆိုင်းငံ့ပေးထားမည် ဟုရေးသားထားသည်။ မူရင်းသတင်းအသေးစိတ်နှင့် မည်သည့်အခြေအနေမျိုးများတွင် အဆိုပါအကြွေးဆိုင်းငံ့မှုများ အကျုံးဝင်သည်ဆိုသည်ကို အောက်ပါ Link များတွင်၎င်း၊ သက်ဆိုင်ရာ ဘဏ်များအသီးသီး၏ Link များတွင်လည်းကောင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://7news.com.au/business/finance/big-four-banks-offer-homeowners-a-pause-on-their-mortgage-repayments-c-755082 NAB Facebook Page Announcement: https://www.facebook.com/NAB/ CBA Facebook Page Announcement: […]

64 confirmed Coronavirus case in WA

ယနေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁၂ ဦးထပ်မံတွေ့ရှိ သဖြင့် ယခုအချိန်အထိ WA တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ၆၄ ဦး ရှိသွားပြီဖြစ်၊ လူပေါင်း ၈၀၀၀ ဦးစမ်းသပ်ပေးပြီးဖြစ်။ ဒေသခံလူမှုအသိုင်းအဝိုင်း အချင်းချင်း ပျံ့နှံ့မှုအဆင့်သို့ကူးပြောင်းသွားပြီဖြစ်။ COVID-19 ဆေးခန်းအသစ်များ Perth အခြေစိုက်ဆေးခန်းသုံးခုကို အားဖြည့်ရန် Joondalup, Midland, Armadale, Rockingham နှင့် Bunbury တို့တွင် တိုးချဲ့ ဖွင့်လှစ်လိမ့်မည်ဖြစ်။ ကမ္ဘာလုံးဆိုင်ရာ စမ်းသပ်မှုသုံးပစ္စည်းများ ပြတ်လပ်မှု ကြောင့် ပြည်နယ်အစိုးရသည် စမ်းသပ်မှုဆိုင်ရာအရည်အချင်းပြည့်မှီမှုပြောင်းလဲမှုများကို ကြေငြာရန်မျှော်လင့်ရသည်ဟု ဆို။ Qantas ကလာမည့်နှစ်လအတွင်းပါ့သ်မြို့မှအရှေ့ပိုင်းဒေသများသို့ပျံသန်းမှု၏ကြိမ်နှုန်းကိုထက်ဝက်လျှော့ချလိမ့်မည်ဟုကြေငြာခဲ့သည်။ Source# https://www.watoday.com.au/national/western-australia/wa-coronavirus-live-new-tests-show-results-in-30-minutes-as-first-case-of-community-transmission-reported-20200319-p54bwe.html

WA Coronavirus cases surge to 52

Western Australia တွင် ယနေ့နောက်ဆုံးသတင်းအရ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိသူ စုစုပေါင်း ၅၂ ဦး ရှိသွားပြီဖြစ်သည်။ တရက်တည်း ၁၇ ဦး ရုတ်တရက် တိုးလာပြီး ၎င်းတို့အနက်မှ ၄ ဦးမှာ နိုင်ငံရပ်ခြားမှပြန်လာသူများဖြစ်၊ ၂ ဦးမှာ ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်တစ်ဦး နှင့် သူနာပြုဆရာမတစ်ဦး) ၊ ကျန် ၁၂ ဦးမှာ စုံစမ်းဆဲ ဖြစ်ကြောင်း၊ မိမိတို့တွက်ဆထားသည့်အတိုင်း ဒေသခံလူထုအချင်းချင်း ကူးစက်မှုမျိုး စတွေ့ရှိလာပြီဖြစ်ကြောင်း WA ကျန်းမာရေးဝန်ကြီး Mr. Roger Cook မှ အတည်ပြုပြောကြားလိုက်သည်။ Western Australia ရှိ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကုသပေးသည့် COVID clinics များမှာ Perth မြို့တွင် ၃ နေရာ နှင့် […]

Coronavirus Updates, National address – PM Scott Morrison

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလျှော့ချရေးအတွက် သြစတြေးလျသို့ ဝင်ရောက်လာသူမှန်သမျှ ၁၄ ရက်ကြာ သီးခြားနေထိုင်ရမည်ဟု ဝန်ကြီးချုပ်မှအမိန့်ထုတ်သည်။ လူစုလူဝေး ၅၀၀ ထက်ပိုမလုပ်ရ (ချွင်းချက်အားဖြင့် စျေးများ၊လေဆိပ် နှင့် ကျောင်းများ မပါ) ။ ကျောင်းများမပိတ်သေးပါ။ အပျော်စီးသင်္ဘောကြီးများ ဆိုက်ကပ်ခြင်းကို ရက်ပေါင်း ၃၀ ဟန့်တားသည်။ social distancing လိုအပ်ချက် အတွက် လူတစ်ယောက်နှင့် တစ်ယောက် အနည်းဆုံး ၁.၅ မီတာ (ငါးပေအကွာ) ထက် နီးနီးကပ်ကပ်မနေသင့်။ ခရီးမသွားခဲ့ပါသော်လည်း ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူမှန်သမျှ သီးခြားနေထိုင်ရမည့် Self-isolation အမိန့်ချမှတ်ခံရနိုင်သည်။ ၎င်းအမိန့်ကို မလိုက်နာခဲ့ပါလျှင် ဩစတေးလျပြည်နယ်အသီးသီးအလိုက် ငွေဒဏ်ထောင်ဒဏ်အမျိုးမျိုးရှိသော်လည်း အနောက်ဩစတေးလျ WA ဥပဒေအပြင်းထန်ဆုံးဖြစ်ပြီး ဒဏ်ငွေ ဒေါ်လာ ၅၀၀၀၀ / ထောင်ဒဏ် တစ်နှစ် ကျခံရမည်ဖြစ်ကြောင်း ABC […]

Coronavirus: Prime Minister Scott Morrison’s economic stimulus package

သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ်က လာမယ့်လတွေအတွင်း သြစတြေးလျ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် အခြေအနေ ဒီထက်မက စိန်ခေါ်စရာတွေ ရှိလာနိုင်တဲ့အတွက် တိုက်ဖျက်ရေးမှာ အားလုံးတာဝန်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ သြစတြေးလျ အစိုးရအနေနဲ့ ဗိုင်းရပ်နဲ့ ပတ်သက်ပြီး အခုကတည်းက ကြိုတင်ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ထားပေမယ့်လည်း လူတိုင်းလည်း လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီကြာသပတေးညမှာပဲ ဝန်ကြီးချုပ် စကော့တ် မော်ရီဆန်က မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ဝန်ကြီးချုပ်အနေနဲ့ ရုပ်မြင်သံကြားကနေ တိုက်ရိုက်မိန့်ခွန်းပြောဆိုခြင်း ဖြစ်ပါတယ်။ မိန့်ခွန်းအတွင်း သူဦးဆောင်တဲ့ အစိုးရအနေနဲ့ ဗိုင်းရပ်ကြောင့် ဖြစ်ပေါ်တဲ့ စီးပွားရေးနစ်နာမှုတွေအတွင်း စီးပွားရေး ဆက်လက်ရှင်သန်ရေးနဲ့ ပြန်လည်ဦးမော့လာရေးအတွက် အစိုးရက ဒေါ်လာ ၂၂.၉ ဘီလီယံ ချမှတ်ပေးမှာဖြစ်ပြီး ရည်ရွယ်ချက် ၃ ချက်နဲ့ လုပ်ဆောင်တာ […]

Invitation to Participate in Nation-Building (Myanmar Embassy Canberra)

နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက်ကူညီပံ့ပိုးလိုသူများအား ဖိတ်ခေါ်ခြင်းကိစ္စ။ ပြည်ပသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် မိမိတို့ တတ်ကျွမ်းသည့်ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်အတွက် ကူညီပံ့ပိုးအကျိုးပြုလိုပါက ဆက်သွယ်စာရင်းပေးထားကြဖို့ ကင်ဘာရာမြို့မြန်မာသံရုံး မှ မတ်လ ၁၁ ရက် ၂၀၂၀ နေ့စွဲဖြင့် တရားဝင်ထုတ်ပြန်ထားသည်။ Source# Myanmar Embassy Canberra Official Facebook Page

Tom Hanks and his wife test COVID-19 (coronavirus) Positive on the Gold Coast, QLD

ကမ္ဘာကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသား Tom Hanks နှင့် ဇနီး Rita တို့ ရုပ်ရှင်ရိုက်ကူးမှုတစ်ခုအတွက် ဩစတေးလျ နိုင်ငံ Queensland, Gold Coast တွင်ရောက်ရှိနေခိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည် ဆိုသည်။ အမျိုးတို့ရေ.. Rita နဲ့ ကျွန်တော် ဩစတေးလျမှာပါ။ ကျွန်တော်တို့ အားနည်းနေကြတယ်၊ ဖျားသလိုလိုပေါ့၊ ကိုယ်လက်တွေကိုက်ခဲနေတယ်။ Rita တော့ ချမ်းလာလိုက် ပျောက်သွားလိုက်ဖြစ်နေတယ်။ ကဲ တကမ္ဘာလုံး သိအောင် တိုတိုပြောရရင်တော့ ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီခင်ဗျာ။ ကဲ အခုရှေ့ ဘာဆက်လုပ်ကြမလဲ… ဆေးဖက်ဆိုင်ရာတာဝန်ရှိသူများရဲ့ Protocol အတိုင်းလိုက်နာယုံရှိတာပေါ့။ ဆေးစစ်ပြီးပြီ၊ အများပြည်သူ့ကျန်းမာရေး နှင့်လုံခြုံရေးအတွက် သီးခြားခွဲထားလိုက်ကြပြီ… ဆက်ပြီး post အသစ်တွေတင်ပြီး update လုပ်ပေးသွားပါဦးမယ် စသည်ဖြင့် သူ၏ Instragram […]