တိသရဏ ကျောင်းသစ်ရွှေ့ပြောင်း လုပ်အားဒါနကုသိုလ်

တိသရဏ ဝိဟာရ ကျောင်းနေရာသစ်သို့ လက်ရှိကျောင်းမှ ပစ္စည်းများကို (သင်္ကြန်ပွဲအတွက်သုံးစွဲရန်လိုအပ်သည့်ပစ္စည်းများမှအပ) ၈/၄/၂၀၁၇ စနေနေ့တွင်ရွှေ့ပြောင်းသယ်ဆောင်ရန်အစီအစဉ်ရှိ ပါ၍ ရွေ့ပြောင်းရန်အတွက်ဖြစ်စေ၊ သန့်ရှင်းရေးအတွက်ဖြစ်စေ စွမ်းနိုင်သမျှ လူအား၊ ဉာဏ်အား -လုပ်အားဒါနပြုနိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အငှား Truck 8:00am လောက်တွင်ကျောင်းသို့ယူလာ၍ စတင်ရွှေ့ပြောင်း မည်ဖြစ်ပါသည်။ ၉/၄/၂၀၁၇ တနင်္ဂနွေနေ့တွင်လည်းလိုအပ်သည်များလုပ်ဆောင်ရန်လုပ်အားဒါနလိုအပ်ပါသည်။ ၁၄/၄/၂၀၁၇ သောကြာနေ့တွင်သင်္ကြန်ပွဲအတွက် Stage စင်ပြုလုပ်ပါမည်။ ၁၇/၄/၂၀၁၇ တနင်္လာနေ့တွင်လက်ကျန်ပစ္စည်းအားလုံးကို ကျောင်းနေရာသစ်သို့ပြောင်းရွှေ့ရန်အစီအစဉ်ရှိပါသည်။ ၁၆/၄/၂၀၁၇ သင်္ကြန်ပွဲတော်သို့ လက်ရှိကျောင်းနေရာတွင် လာရောက်ဆင်နွဲသည့်အခါတွင်လည်း လုပ်အားဖြင့်ကူညီရန် အဆင်မပြေသည့်တိုင်အောင် သန့်ရှင်းသပ်ရပ်ခြင်းဖြင့် လည်းကောင်း၊ ကားများကိုစည်းကမ်းတကျရပ်ခြင်း၊ ကားလမ်းပိတ်ဆို့မရပ်နား ခြင်း တို့ဖြင့်လည်းကောင်း ဝေယာဝစ္စ္စအသင်းကို ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တိသရဏအကျိုးဆောင်အဖွဲ့ Source: Tisarana Perth WA Australia FB Page