WA Wagin Earthquake

ယနေ့မနက်လင်းအားကြီးအချိန် ၅နာရီ ၂၄မိနစ် က Perth မြို့မှ ကီလို ၂၀၀ လောက်အကွာရှိ Wagin ကို ဗဟိုပြု၍ ပြင်းအား 4.8 Magnitude ရှိသည့် ငလျင်တစ်ခု လှုပ်သွားပါသည်။ ဆိုရှယ်မီဒီယာ post များအရ Perth မြို့မှ တချို့လူများ Earthquake Tremor ခေါ် ငလျင်ကြောင့်တုန်ခါမှုကို သိသိသာသာခံစားလိုက်ကြရသည်ဟု ဆိုသည်။ Australia Live Earthquake Tracking https://earthquakes.ga.gov.au/

WA COVID-19 transmission from an unknown source

ဘယ်ကနေဘယ်လိုကူးစက်သွားမှန်းမသိ၊ မည်သည့် Close Contact မှလဲမရှိပဲ COVID ကူးစက်ခံရသူ အမျိုးသမီးတစ်ယောက် WA Local ကူးစက်မှုစာရင်းတွင်ပေါ်လာပြီဖြစ်ကြောင်း WA ဝန်ကြီးချုပ် Mark McGowan က ၏ ယနေ့Facebook post အရသိရသည်။ WA ကျန်းမာရေးဝန်ကြီး Amber-Jade Sanderson က “I think there is strong possibility there has been community spread of Omicron given some of the exposure sites that have been visited” ဟု ယမန်နေ့ကပြောကြားထားသေးသည်။ Source: Mark McGowan Facebook, ABC […]

Mask mandatory form 6pm tonight to 6am 28 Dec

Perth မြို့သို့ ဒီဇင်ဘာ ၁၂ ရက်နေ့ ကတည်းက ရောက်ရှိနေခဲ့ပြီး Northbridge Nightclub များ၊ Mirrabook ALDI၊ KMart၊ McDonald Girrawheen အပါအဝင် Perth မြို့ နေရာအနှံ့ သွားလာခဲ့သည့် အသက် ၂၅ နှစ်အရွယ် Queensland မှ ခရီးသွား Backpacker တစ်ဦး တွင် COVID ပိုးတွေ့ရှိရသည်။ WA လူထုအတွင်း COVID ပိုးကူးစက်ပျံ့နှံ့မှု နဖူးတွေ့ ဒူးတွေ့ စတင်ရင်ဆိုင်နေရပြီဟု ဝန်ကြီးချုပ် Mark McGowan ကပြောကြားသည်။ ပိုးကူးစက်ပျံ့နှံ့မှုကို အတတ်နိုင်ဆုံး လျော့ချကာကွယ်ကြရန် ယနေ့ညနေ ၆ နာရီမှစ၍ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၆ နာရီအထိ Public […]

Double Demerits

သောကြာနေ့ 24 Dec 2021 (ယနေ့ည ၁၂ နာရီကျော်) မှစပြီး တနင်္ဂနွေ 9 Jan 2022 အထိ ၁၇ ရက်တာကာလအတွင်း Double Demerits အရေးယူမှုစတင်မည်ဖြစ်ပါ၍ ကားမောင်းလျှင် အထူးသတိဖြင့် မောင်းကြပါရန်။ ဥပမာ 40km area ဖြစ်နေမှန်းသတိမပြုမိပဲ 80km ကျော်မောင်းနေမိစဉ်တွင် အဖမ်းခံထိပါက သာမာန်အချိန်တွင် 7 demerit points ထိနိုင်ပြီး ယခုလိုအချိန်မျိုးတွင် ၎င်း၏ နှစ်ဆ 14 demerit points ထိမည်ဖြစ်သည်။ WA ၏ အများဆုံး demerit point မှာ 12 points ဖြစ်သောကြောင့် အခန့်မသင့်လျှင် ယာဉ်မောင်းလိုင်စင် ချက်ချင်းပြုတ်သွားနိုင်ပါသဖြင့် အထူးသတိထားမောင်းနှင်ကြပါရန် နှိုးဆော်လိုက်ရပါသည်။

Heatwave situation in Perth during Christmas

Christmas ကာလအတွင်း Perth မြို့တွင် အပူလှိုင်းဖြတ်ပါမယ်။ Perth မြို့အတွက် နှစ်ပေါင်း ၅၃ နှစ်အတွင်း စံချိန်ချိုးမည့် အပူဆုံး Christmas နေ့များ ဖြစ်ပါတယ်။

5 Kids killed Jumping Castle Accident in Tasmania

တက်စ်မေးနီးယားပြည်နယ် မြောက်ပိုင်း Devonport မှာ ကလေးတွေ ဆော့ကစားနေကြတဲ့ jumping castle လေထဲ လွင့်သွားပြီး ကလေးတွေ အမြင့်ပေါ်ကနေ ပြုတ်ကျရာက ၅ ဦး သေဆုံးခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ Hillcrest မူလတန်းကျောင်းမှာ ဒီကြာသပတေးမနက် ၁၀ နာရီမှာ အခင်း စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရဲတွေရဲ့ အဆိုအရ လေကြောင့် jumping castle က လေထဲ လွင့်သွားပြီး အဲဒီအပေါ်မှာ ဆော့ကစားနေတဲ့ ကလေးတွေ အမြင့်မီတာ ၁၀ မီတာ လောက်ကနေ ပြုတ်ကျခဲ့ရတယ်လို့ ပြောပါတယ်။ ကလေးငယ် ၄ ဦးလည်း ဆေးရုံမှာ ကုသမှုခံနေရပြီး အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။ ကလေးတစ်ဦးက ဆေးရုံရောက်မှ သေဆုံးရတာ […]

COVID Vaccine for 5 to 11 years old children

အသက် ၅ နှစ်အရွယ်ကလေးကအစ နောက်နှစ်ကျောင်းပြန်မတက်ခင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်မယ်လို့ဆို သြစတြေးလျနိုင်ငံက အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ်ကလေးတွေကအစ နောက်နှစ်ကျောင်းပြန်မတက်ခင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်မယ်လို့မျှော်လင့်ကြောင်း လွတ်တော်ကြားနာမှု တစ်ခုမှာ တင်ပြထားပါတယ်။ သြစတြေးလျနိုင်ငံရဲ့ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အကြီးအကဲချုပ် Lieutenant-General John Frewen က အသက် ၅ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ် ၂.၃ သန်းလောက် မကြာခင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆီးနိတ်ကော်မတီကို တင်ပြခဲ့တာဖြစ်ပါတယ်။ နှစ်သစ်လောက်မှာ အသက် ၅ နှစ်အထက် ကလေးတိုင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံအလောက် ရရှိအောင် လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ ပြည်နယ်အစိုးရ၊ ဒေသအစိုးရတွေနဲ့ ပူးပေါင်းပြီး […]

Willetton Newsagency & Unclaimed Lotto Prize

Willetton Newsagency မှာ April 2020 လောက်က ဝယ်သွားတဲ့ ထီလက်မှတ်တစ်စောင်မှ ဆုငွေ $613,000 ပေါက်ထားတာကို အခုထက်ထိ ထုတ်ယူခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ယခုလိုမျိုး ထီပေါက်ပြီး လာမထုတ်ကြတဲ့သူတွေ ဘယ်လောက်များပါသလဲဆိုရင်တော့ Western Australia ပြည်နယ်တစ်ခုထဲမှာတင် စုစုပေါင်း $25 million ရှိတယ်လို့ LottreyWest ကဆိုပါတယ်။ မတိုက်ဖြစ်သေးတဲ့ ထီလတ်မှတ်များရှိရင် အမြန်ပြေးတိုက်ကြဖို့ ShweBiz မှ နှိုးဆော်လိုက်ပါတယ်။ Willetton Newsagency မှာ ထိုးခဲ့တဲ့ ဆုငွေ $613,000 ထီလက်မှတ်ပိုင်ရှင်ဟာ သင်ကိုယ်တိုင် ဖြစ်နေမလား? Source: https://www.lotterywest.wa.gov.au/lotterywest/media-centre/over-25-million-in-unclaimed-lottery-prizes-across-wa

WA မှ 80 million Powerball ကံထူးရှင်များ

မနေ့ကဖွင့်တဲ့ထီ $80 million Powerball Jackpot ကို Perth မြို့မြောက်ပိုင်း Heathridge က Curves Gym မှ အမျိုးသမီး ၅၅ ဦး စုထိုးကြတဲ့ Syndicate လက်မှတ်ကနေ ပေါက်သွားတာဖြစ်ပြီး တစ်ဦးကို $1.45 million စီ ရကြမှာဖြစ်ပါတယ်။ သင်သာ အဲဒီလို ထီပေါက်ခဲ့ရင် ဘာလုပ်မလဲ? Source# 7News

Omicron COVID-19 Sydney

Omicron COVID-19 မျိုးကွဲ ဆစ်ဒနီမြို့ကို ရောက်ရှိ တောင်အာဖရိကမှာ စတင်တွေ့ရှိတဲ့ Omicron COVID-19 မျိုးကွဲပိုးကို ပြည်ပကနေ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ရောက်ရှိလာတဲ့ လူနှစ်ဦးမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါခရီးသည်နှစ်ဦးဟာ စနေညတုန်းက ဆစ်ဒနီမြို့ကို ရောက်ရှိလာတာဖြစ်ပြီး အထူးကျန်းမာရေးဆောင် တစ်ခုမှာ သီးသန့်ခွဲခြားနေထိုင်ခိုင်းထားပါတယ်။ အဲဒီနှစ်ဦးစလုံးဟာ ကာကွယ်ဆေး အပြည့်အဝထိုးပြီးကြသူတွေ ဖြစ်ပါတယ်။ တောင်အာဖရိကကနေ ခရီးသည် ၁၄ ဦး ရောက်ရှိလာတာဖြစ်ပြီး ဒိုဟာကနေ ဆစ်ဒနီမြို့ကို ပြေးဆွဲတဲ့ Qatar Airways QR908 နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ တခြား ၁၂ ယောက်ကတော့ ဟိုတယ်မှာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်နေပါတယ်။ တခြားလူ ၂၉ ဦးကတော့ ရောဂါကူးစက်မှု ဖြစ်နေတဲ့ အာဖရိကနိုင်ငံ ၉ […]