ကဆစ်သီးပင် နှင့် ချဉ်ပေါင်ပင်

ကဆစ်တို့၊ ကင်းပုံတို့စတဲ့ နွယ်ပင်တွေဟာ အညာဒေသဖက်မှာတော့ ခြံစည်းရိုးတွေ၊ ခြုံကြိုခြုံကြားတွေမှာအလေ့ကျပေါက်တယ်။ အညာမှာဆို ကဆစ်သီးနုနုကို ဆိတ်သားခြောက်၊ အမဲခြောက်၊ ငါးခြောက်တို့နဲ့ ခရမ်းချဉ်သီး၊ ငါးပိတို့ဘာတို့နဲ့ချက်စားကြတာပေါ့။ မိုးမျှော်ငရုတ်သီးစိမ်းတို့၊ ငါးပိတို့နဲ့လဲသုတ်စား၊ ထောင်းစားကြတာပါပဲ။ ဗူးရွက်ဟင်းချိုမျိုးလေးနဲ့ဆို လိုက်ဖက်တာပေါ့။  ကဆစ်သီးကို ဒီမှာ Cucamelon လို့ခေါ်ပါတယ်။ ချဉ်ပေါင်ကတော့ လူတိုင်းနီးနီးသိကြမယ်၊ စားဖူးကြမယ်ထင်ပါတယ်။ ချဉ်ပေါင်ပင်ကိုတော့ဒီမှာ Rosella လို့ခေါ်ပါတယ်။ ချဉ်ပေါင်ရွက်ဆိုရင်တော့ Rosella Leaves ပေါ့။ အစေ့ကနေစိုက်ရတာ၊ အပင်ပေါက်ကလေးတွေကစစိုက်ရတာ ကရိကထမခံနိုင်၊ မစောင့်နိုင်ရင်တော့ Bunnings မှာပဲ အတော်အတန်ကြီးပြီးဖြစ်တဲ့တဲ့အပင်တွေ တွေ့ခဲ့ပါကြောင်း ဝါသနာပါသူများ ဒီနွေတွင်းမှာ စိုက်ချင်ရင်စိုက်လို့ရအောင် မျှဝေပေးလိုက်တာပါ။