Ajahn Brahm ၏ VIP ဖြစ်အောင်ဘယ်လိုလုပ်?

ဘုန်းကြီး Serpentine ကျောင်းရောက်ပြီး စောစောပိုင်း နှစ်များမှာ ကျောင်းဆောက်ဖို့ လေ့လာ သင်ယူခဲ့ရပါတယ်။ ပထမဦးဆုံး Major Structure အနေနဲ့က အိမ်သာခြောက်လုံး၊ ရေချိုးခန်းခြောက်လုံးတွဲ block ပါ။ ဒီတော့ ဘုန်းကြီးအနေနဲ့ Plumbing ပါလေ့လာရတာပေါ့။ သင်ယူပုံကတော့ Plumbing ဆိုင်ကိုသွား၊ Plan တွေကိုယူသွား၊ Counter ပေါ်မှာချခင်းပြပြီး “Help” လို့ပြောရတာပေါ့။ Order ကအတော်အတန်များတော့ Counter မှာထိုင်တဲ့ Fred ဆိုတဲ့လူက ဘုန်းကြီးကို အချိန်ပိုပေးပြီး ဘယ်လို Part တွေလိုမယ်၊ ဘာကြောင့်လိုတယ်၊ ဘယ်လိုတပ်ဆင်ရတယ် စသည်ဖြင့် သေသေချာချာရှင်းပြပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း စိတ်ရှည်လက်ရှည် ကိုယ့်ဖာသာကိုယ် Common Sense နဲ့လုပ်လိုက်၊ Fred ဆီကအကြံနဲ့ပေါင်းလိုက်တော့ နောက်ဆုံးမှာ Waste […]

Ajahn Brahm ၏ အုတ်ရွဲ့ကလေး ၂ ချပ်

၁၉၈၃ လောက်က ဘုန်းကြီးတို့ Serpentine ကျောင်းအတွက် မြေဝယ်တယ်။ အကြွေးတွေတင်တယ်။ မြေကလွဲလို့ နေစရာ ဘာအဆောက်အဦမှ မရှိဘူး။ ကျောင်းနဲ့တူတာဆိုလို့ အဖီကလေးတောင်မရှိဘူး၊ အိမ်ဆောက်ပစ္စည်းအဟောင်းဆိုင်က ဈေးပေါပေါနဲ့ဝယ်ထားတဲ့ တံခါးချပ်အဟောင်းတွေပေါ်မှာ ညဆို ကျိန်းကြရတာပေါ့။ အဲဒီတံခါးချပ်ဟောင်းတွေကို မြေကြီးနဲ့လွတ်အောင်လို့ ထောင့်တွေမှာအုတ်တွေခံပြီး တင်ထားရတယ်။ အိပ်ရာခင်းမရှိပါ၊ တောရဆောက်တည်နေတဲ့ ဘုန်းကြီးများဖြစ်တာကြောင့် ကိစ္စတော့မရှိပါ။ အဲဒီလိုပဲ သီတင်းပါတ် အနည်းငယ်လောက် သီတင်းသုံးရတယ်။ ဆရာတော်ကြီးအတွက် တံခါးကိုအသွင်ပြောင်းထားတဲ့ကုတင်က ပြန့်ပြန့်ပြူးပြူးရှိတယ်။ ဒါပေမယ့် ဘုန်းကြီးရဲ့ တံခါးကုတင်ကတော့ အလယ်မှာ အပေါက်တစ်ပေါက်ရှိနေတယ်။ တံခါးလက်ကိုင်ဖုဟောင်း တပ်ထားခဲ့တဲ့ အပေါက်ဖြစ်မယ်ထင်ပါတယ်။ အိပ်ဖို့ဆိုတော့ တံခါးလက်ကိုင်ဖု ဖြုတ်ထားတာကောင်းပေမယ့် အလယ်တည့်တည့်မှာတော့ အပေါက်တစ်ပေါက် ဖြစ်နေတာပေါ့။ ဒီတော့လဲ ညအပေါ့အပါး သွားရင် တကူးတက ထစရာမလိုတော့ဘူးပေါ့လို့ အရွှန်းဖောက်လိုက်သေးတယ်။ တကယ်တော့ အဲဒီအပေါက်ကနေ […]