သြစတြေးလျနိုင်ငံ အခြေချ နေထိုင်ခြင်းလမ်းညွန် – လုပ်အားပေးမှုကနေ အကျိုးအမြတ်ရရှိခြင်း

သြစတြေးလျနိုင်ငံ အခြေချ နေထိုင်ခြင်းလမ်းညွန် – လုပ်အားပေးမှုကနေ အကျိုးအမြတ်ရရှိခြင်း

သြစတြေးလျနိုင်ငံမှာ လူဦးရေ ၂၄ သန်းကျော်ရှိပြီး အဲဒီအထဲက လူပေါင်း ၆ သန်းဟာ မိမိစိတ်စေတနာအရ တခုခုအတွက် လုပ်အားပေးကြသူတွေ ဖြစ်ပါတယ်။ လုပ်အားပေးကြသူတွေထဲက ၉ ၆% ဟာ အခုလို ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်လုပ်အားပေးကြတဲ့အတွက် ဘဝမှာ ပိုပြီးတော့ ပျော်ရွှင်မှု ရကြတာကိုလည်း သုတေသီတွေက တွေ့ရှိထားတဲ့အကြောင်း Amy Chien-Yu Wang ရဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။

ByAmy Chien-Yu Wang
Presented byMu Laing Thein
Published onMonday, December 4, 2017 – 12:57
Duration11 min 4 sec

ဒါ့အပြင် အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်ရှာဖွေနေတဲ့ လူတွေဟာလည်း တခါတလေ လုပ်အားပေး အလုပ်လုပ်ရာကနေ အတွေ့အကြုံတွေရလာပြီး နောက်ပိုင်းမှာ အလုပ်အကိုင် ရှာဖွေတွေ့ရှိတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

Elsie Prieve ဟာ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ကွင်းစလန်းပြည်နယ်ကို စရောက်တုန်းက အလုပ်ကို လွယ်လွယ်ပဲ ရလိမ့်မယ်လို့ မျော်လင့်ခဲ့သူ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ သူဟာ အင်္ဂလိပ်ဘာသာ စကားကို ကောင်းမွန်စွာ ပြောတတ်သူ ဖြစ်သလို ဂျပန်ဘာသာစကားနဲ့ Tagalog ဘာသာ စကားကိုလည်း ကောင်းမွန်စွာ ပြောတတ်တဲ့အပြင် စားသောက်ဆိုင်လုပ်ငန်း၊ ဧည့်သည်ဝန်ဆောင်မှု လုပ်ငန်းနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းမှာ နှစ်ပေါင်းများစွာ အလုပ်အကိုင်အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။

အဲဒီလို အရည်အချင်းတွေ၊ အတွေ့အကြုံတွေရှိလို့ အလုပ်အကိုင်ကို အလွယ်တကူရမယ်လို့ မျော်လင့်ပေမယ့် သြစတြေးလျနိုင်ငံမှာ ထင်တာထက် အလုပ်အကိုင် ရဖို့က ခက်ခဲခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

ကျမမှာ အတွေ့အကြုံတွေ ရှိတာတောင် ဘာကြောင့် အလုပ်မရနိုင်တာလဲ ဆိုပြီး အားမလို အားမရစိတ်တွေ ဖြစ်မိပါတယ်။ ကိုယ်က အလုပ်လုပ်နိုင်တာတောင် ဘယ်သူမှ ကိုယ့်ကို အခွင့်အရေးမပေးတဲ့အတွက် အားမလို အားမရ ဖြစ်မိတာလို့ ပြောပြခဲ့ပါတယ်။

အဲဒီနောက် အစိုးရပိုင် အဖွဲ့အစည်းမဟုတ်တဲ့ Access Community Services ဆိုတဲ့အဖွဲ့မှာ ဧည့်ကြိုအဖြစ် လုပ်အားပေး ဝင်လုပ်ခဲ့ရာက အခုဆိုရင် လစာရတဲ့ အချိန်ပြည့် အလုပ်အကိုင် ရရှိသွားတာ ဖြစ်ပါတယ်။
Source# https://www.sbs.com.au/yourlanguage/burmese/my/audiotrack/scettliungngn-aekhkh-enthiungkhnglmnnyn-lupaaaepmken-akiamttrrikhng?language=my