457 visa ဖျက်သိမ်း

457 visa ဖျက်သိမ်း

ယနေ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁၈ရက်နေ့ သြစတေးလျဝန်ကြီးချုပ် Malcolm Turnbull မှ သြစတေးလျအစိုးရမှ 457 ဗီဇာကို ယနေ့မှစ၍ ပယ်ဖျက်မည်ဖြစ်ကြောင်း၊ အခြား “temporary visa” အသစ်တစ်မျိုးဖြင့် အစားထိုးမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှုလိုအပ်ချက်ကိုမြှင့်တင်မည်ဖြစ်ကြောင်း၊ Work History နှင့် Police Check ကို ကြပ်မတ်စစ်ဆေးမည်ဖြစ်ကြောင်း၊ အမှန်တကယ် Skills Shortages နှင့် ကိုက်ညီမှုရှိရမည်ဖြစ်ကြောင်း၊ လက်ရှိ 457 ဗီဇာကိုင်ဆောင်ထားသူများ ဆက်လက်နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများတွင် Australian များကို ဦးစားပေးခန့်အပ်စေမည်ဖြစ်ကြောင်း အစရှိသည်ဖြင့် ထုတ်ပြန်ပြောကြားလိုက်သည်။ 457 ဗီဇာသည် စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းလိုအပ်ချက်အလျှောက် Skilled Foreign Worker များကို ခေါ်ယူရန် အရေးပါသည့် ဗီဇာအမျိုးအစားဖြစ်သည်။ ယခု ဗီဇာအသစ်တွင် အကောင်းဆုံးအတော်ဆုံးများကိုသာခွင့်ပြုရန် ပိုမိုတင်းကျပ်သွားတော့မည်ဖြစ်သည်။
Ref: https://au.news.yahoo.com/a/35072811/government-to-abolish-457-visa-turnbull